chapter -114 -[ကျီးယွမ်အန်း]

1.7K 246 10
                                    

chapter -114 -[ကျီးယွမ်အန်း]

လုလင်းနဲ့ချန်းရှောင်မီတို့က စီရင်စုတစ်ဝိုက်ကိုလိုက်စူးစမ်းကြသည်။ သူတို့ရဲ့ အဓိကနေရာတွေမှာ လူတော်တော်များများက ဒဏ်ရာရထားတာကိုတွေ့ရပြီး စစ်ပွဲအချိန်တုန်းက ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပုံရသည်။

လုလင်း တွေးလိုက်သည် ။

' ရှစီရင်စုရဲ့ဒေသတွင်းမှာရှိတဲ့လူတွေက အရမ်းရက်စက်ကြမ်းကြုတ်တဲ့ပုံပေါက်တယ် ။ ဒါပေမယ့် အဲ့ဒါက သူတို့ကိုသူတို့ကာကွယ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်မယ် ။ ဒီနေရာကအရမ်းခေါင်ပြီး စိုက်ပျိုးမြေကလည်း မြေဩဇာမလိုက်ဘူး ပြီးတော့ နှစ်ပေါင်းများစွာစစ်ပွဲတွေကဆက်တိုက်ဖြစ်နေတာ ။ ဒီလိုအခြေအနေအောက်မှာ အရာရှိတစ်ယောက်က သာမန်ပြည်သူတွေကို အကြင်နာမဲ့စွာဖိနှပ်ချုပ်ချယ်ပြီး အမြတ်ထုတ်မယ်ဆိုရင် ပြည်သူတွေကလည်း သူတို့ဘာသာသူတို့ကာကွယ်နိုင်ဖို့အတွက် ရက်စက်ကြမ်းကြုတ်ပြီး ခြိမ်းခြောက်လာကြတာက သဘာဝပဲ '

အိမ်ကိုပြန်မွမ်းမံပြီးနောက် လုလင်းနဲ့သူ့အဖွဲ့က နေအိမ်ကိုပြောင်းရွေ့ကြသည် ။

လုလင်းက ခုတင်ပေါ်မှာ စောင်ခြုံထားပြီးသုန်မှုန်စွာပြောသည် ။

" ကိုယ်တို့တွေ အခုအသစ်ကနေပြန်စကြရမယ် သစ်တောမြို့မှာ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ဖော်သည်အရင်းတွေရှိပြီး အရမ်းအခြေခိုင်ခဲ့ပေမယ့် ဒီမှာတော့ သုညကနေစဖို့လိုတယ် ကိုယ်တို့အဆင်သင့်ဖြစ်ကြပြီလား "

ချန်းရှောင်မီက ခေါင်းကိုမော့ကာပြောသည်။

" အင်း အဲ့ဒါနဲ့ပတ်သတ်ပြီး တကယ်ကောင်းတယ်လို့ခံစားရတယ် ။ "

ချန်းရှောင်မီရဲ့ယူဆချက်ကတော့ သူတို့တွေ သစ်တောမြို့မှာရှိစဉ်တုန်းက ရွာကလူတွေဟာအတင်းအဖျင်းအရမ်းပြောပြီး သူတို့ကြောင့် စိုးရိမ်ပူပန်ခဲ့ရသည်။ ဒါပေမယ့်အခုတော့ သူတို့အကြောင်းကို ဘယ်သူတွေကဘာပြောကြမလဲဆိုပြီး ပူပန်စရာမလိုတော့ဘဲ ဘဝကိုဖြတ်သန်းနိုင်ပြီဖြစ်သည်။

သူတို့ဆီကနေ အကြောင်းမဲ့ငွေကြေးအကူအညီရှာဖို့ ကြိုးစားနေတဲ့ အဖွားတို့ ဝမ်းကွဲတို့ မရှိတော့ပေ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now