chapter -107 -[ရွာမှာဂယက်ထသွားပြီ]

2.4K 312 10
                                    

chapter -107 -[ရွာမှာဂယက်ထသွားပြီ]

လုချောင်ယုနဲ့ လီဖုန်းယွီတို့ နွားလှည်းနဲ့ရွာကိုပြန်လာကြပြီး လမ်းမှာနှစ်ယောက်စလုံးက စကားတစ်ခွန်းမှမပြောနိုင်တော့တဲ့အထိ ထိတ်လန့်တုန်လှုပ်နေကြသည် ။

လုချောင်ယုက လုံးဝထုံထိုင်းတွေဝေနေတဲ့ အခြေအနေဖြစ်နေကာ လီဖုန်းယွီလည်း မထူးခြားနားသားပင် ။

" သား အတွင်းရေးမှူးချုပ်နဲ့ဘာအကြောင်းတွေ ပြောဖြစ်လဲ "

လုချောင်ယုရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့အမူအရာကိုမြင်တဲ့အခါ ထောင်ရှုပ်ထွေးသွားသည် ။

လုချောင်ယုက ထောင့်ကို တစ်ချက်ကြည့်ပြီးပြောသည်။

" အတွင်းရေးမှူးချုပ်က အရမ်းလေးနက်တဲ့အကြောင်းအရာတစ်ခု ကျွန်တော့်ကိုပြောတယ် ။ "

ထောင်က စပ်စုစွာမေးသည် ။

" အဲ့ဒါက ဘာလဲ "

လုချောင်ယု အသက်ပြင်းပြင်းရှူပြီး ထောင့်ကို တစ်ချက်ကြည့်လိုက်သည် ။

" စီနိုစီးပွားရေးအိမ်ရဲ့သူဌေးက ချန်းရှောင်မီပဲ "

ထောင်က စိတ်လှုပ်ရှားစွာခုန်လိုက်မိသည် ။

" မဖြစ်နိုင်တာ "

လုချောင်ယုက မျက်နှာရှည်တစ်ခုဆွဲပြီး ရေရွတ်သည် ။

" ယုံကြည်ဖို့ခက်ခဲပေမယ့် အဲ့ဒါက အမှန်ပဲ "

ယုတ္တိကျကျပြောရရင် ဘယ်သူဌေးမှ ကောတစ်ယောက်နဲ့ သူစိမ်းတစ်ယောက်ကို ဆိုင်အပ်ထားပြီး နှစ်ပေါင်းများစွာမျက်နှာမပြဘဲ နောက်ကွယ်မှာအနားယူနေမှာမဟုတ်ပေ ။ စီနိုစီးပွားရေးအိမ်ရဲ့ အလုပ်သမားတွေအားလုံးက သူတို့ရဲ့စာချုပ်စာတန်းတွေကို ချန်းရှောင်မီနဲ့သာ လက်မှတ်ထိုးထားကြသည်။ အလုပ်သမားတွေ လစာဘယ်လောက်ရလဲဆိုတာ ချန်းရှောင်မီအပေါ်ကိုမူတည်သည် ။

လုချောင်ယုက စီနိုစီးပွားရေးအိမ်ကသူဌေးဟာ နားဝေတိမ်တောင်ဖြစ်လွန်းတယ်လို့ တွေးလေ့ရှိသည် ။ ဆိုင်မှာငွေအလွဲသုံးစားလုပ်တဲ့အကြောင်းကို ရွာသားတွေကအလွန်ရုတ်ရုတ်သဲသဲဖြစ်အောင် ဖော်ထုတ်ကြသော်လည်း သူဌေးက ပေါ်လာဖို့ စိတ်မဝင်စားပေ ။ ဒါပေမယ့်အခုတော့ လုလင်းနဲ့ချန်းရှောင်မီက လူတိုင်းကို‌ကောင်းကောင်းကြီးလှည့်စားဖို့ လုပ်ထားတဲ့ လှည့်ကွက်တစ်ခုမှန်း သူ‌တွေးကြည့်လို့ရသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Dove le storie prendono vita. Scoprilo ora