chapter -77-[လုအန်း အလုပ်ထုတ်ခံရပြီ]
ရက်အနည်းငယ်ကြာပြီးနောက် ရှန်ချီနဲ့အဖွားရှန်တို့ မြို့ပေါ်ပြန်သွားကြသည် ။
လုလင်းနဲ့ချန်းရှောင်ခိုင်တို့မျက်နှာချင်းဆိုင်ထိုင်ပြီးနောက် ချန်းရှောင်ခိုင့်ကိုကြည့်ကာ မေးလိုက်သည် ။
" ဆိုတော့ မင်းဘယ်လိုထင်လဲ ခိုင် "
" ကျွန်တော် ရှန်ချီ့ကိုမိုးမခမြို့ခေါ်သွားမယ် ။ "
ချန်းရှောင်ခိုင် မဆိုင်းမတွပြောလာသည် ။အရင်တုန်းက ချန်းရှောင်ခိုင် ရောင်းစားခံလိုက်ရတယ်ဆိုတဲ့ကောလဟာလတွေကြောင့် မိုးမခမြို့ကနေပြန်လာခဲ့ရသည် ။ သို့သော် ကျောက်ကြီးရွာကနေလာလည်ကြတဲ့ စပ်စုတဲ့အဒေါ်ကြီးတွေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။
ချန်းရှောင်ခိုင်အတွက် အလုပ်ရဲ့ဖိအားတွေကအဆင်ပြေတယ်လို့ ခံစားရပေမယ့် ရွာကအသိမိတ်ဆွေတွေနဲ့ဆက်ဆံပေါင်းသင်းဖို့တော့ အင်အားမရှိပေ ။ ရွာကအသိမိတ်ဆွေတွေက စိတ်ရှုပ်စရာကောင်းသည် ။
သူတို့ကို ကြမ်းကြမ်းတမ်းတမ်းပြောလိုက်ဖို့လည်းခက်သည် ။
လုလင်းခေါင်းညိတ်လိုက်သည် ။
" ကောင်းပြီ ။ "
အခု ရွာထဲက စပ်စုတဲ့အဒေါ်ကြီးတွေက ပြသနာဖြစ်လာသည်။
အရင်က ရွာကလူတော်တော်များများက ချန်းရှောင်ခိုင်ကို လက်ထပ်ဖို့ကမ်းလှမ်းခဲ့ကြပြီး ရှန်ချီနဲ့ချန်းရှောင်ခိုင်တို့စေ့စပ်သွားတဲ့အခါ သူတို့ထဲတချို့ဟာ ချဉ်တူး လာကြသည် ။ ထို့ကြောင့် အနှောင့်အယှက်တွေကိုရှောင်ရှားဖို့ မိုးမခမြို့ကိုပြန်သွားဖို့ ချန်းရှောင်ခိုင် ဆုံးဖြတ်လိုက်သည် ။
နောက်ဆုံးတစ်ခေါက်က ရှန်ချီ့ကိုခေါ်သွားဖို့မသင့်တော်တာကြောင့် ချန်းရှောင်ခိုင်တစ်ယောက်တည်းသွားခဲ့ရသည်။ အခု သူတို့နှစ်ယောက်ကစေ့စပ်ပြီးသွားပြီမို့ ပြသနာမရှိတော့ပေ ။ ရှန်ချီက တရုတ်ပေသီးနဲ့စာရင်းဇယားတွေကို ဘယ်လိုအသုံးပြုရမှန်းသိတာမို့ ချန်းရှောင်ခိုင် နည်းနည်းအနားရနိုင်သည် ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...