chapter -80-[ ဆိုင်၏ အဖိုးတန်ဆုံးအရုပ် ]
" စီနိုစီးပွားရေးအိမ်က ငါ့ကိုအံ့ဩမှုတွေဘယ်တော့မှ မရပ်တန့်သွားစေဘူး ။ "
သခင်လေးက ဆိုင်မှာရှိတဲ့အမွှေးပွအရုပ်တွေကိုကြည့်ပြီး သူ့မျက်လုံးများတောက်ပလာသည်။
" ဟေး ဆိုင်ထဲကပစ္စည်းတွေက ဈေးမပေါဘူးပဲ ။ ဝိုင်အတွက် ငွေအလုံအလောက်မကျန်တော့မှာ စိုးထိတ်မိတယ် ။ "
သခင်လေးရဲ့နောက်လိုက်(page လို့သုံးထားပါတယ်)က သတိပေးလာသည် ။
သခင်လေးက မျက်လုံးမှေးကြည့်လိုက်ပြီး နောက်လိုက်ရဲ့ခေါင်းကိုငြင်သာစွာရိုက်လိုက်သည်။
" မင်းက ငတုံးတစ်ယောက်လိုပဲ ၊ ငါ့အဖွားနဲ့ငါ့အမေက ဒီဆိုင်က ပစ္စည်းတွေကိုတကယ်ကြိုက်ကြတာ ငါ့ရဲ့အဖွားအတွက် အရုပ်တစ်ရုပ်ဝယ်ပေးလိုက်ရင် အဖွားကဝမ်းသာသွားပြီး မုန့်ဖိုးတွေပြန်ပေးမှာသေချာတယ် ။ "
နောက်လိုက်က သူ့ရဲ့သခင်လေးကို သဘောကျစွာကြည့်လိုက်သည် ။
" သခင်က အရမ်းတော်တာပဲ "သခင်လေးက ကောင်တာကိုသွားပြီးအရုပ်နှစ်ရုပ်ကိုဝယ်လိုက်သည် ။
ဆိုင်ကိုစောင့်ကြည့်ပေးနေတဲ့လုလင်းက အရုပ်လာဝယ်တဲ့သူတွေအများစုဟာ အမျိုးသားတွေဖြစ်ကြောင်းတွေ့ရှိခဲ့သည်။
' သူတို့တွေထဲကအများစုက သူတို့မိသားစုအတွက်လာဝယ်ကြတာ '
လုလင်းတွေးလိုက်သည် ။ဒီနေ့ယန်းဟန်ကျီး ဆိုင်ကိုရောက်လာပြီး ဆိုင်မှာလူတွေ သွားလာနေတာကို သူတွေ့လိုက်သည် ။
ဒီနေရာကိုလာရောက်ကြည့်ရှုကြတဲ့သူတွေရှိပြီး အရုပ်တွေကိုနှစ်ခြိုက်ကြသည် ။
ဆိုင်မှာရှိတဲ့အရုပ်တွေရဲ့ဈေးနှုန်းက အတော်လေးမြင့်မားနေဆဲဖြစ်တာကြောင့် တချို့မိဘတွေက ဝယ်ဖို့မတတ်နိုင်တာမို့ ဆိုင်ကအရုပ်တွေကိုကောင်းကောင်းကြည့်သွားပြီး အိမ်မှာကိုယ်တိုင်ပြုလုပ်ဖို့စိတ်ကူးထားကြသည် ။
" လုလင်း မင်းရဲ့ဆိုင်ကတကယ်ကျော်ကြားတာပဲ ၊ မင်းက စီးပွားရေးလမ်းပေါ်မှာ ဝယ်သူအများဆုံးပဲ "
VOCÊ ESTÁ LENDO
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasiaAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...