chapter -84-[ကန်စွန်းဥခြောက် မေတ္တာလက်ဆောင်များ]

2.8K 342 2
                                    

chapter -84-[ကန်စွန်းဥခြောက် မေတ္တာလက်ဆောင်များ]

ယွင်နျန်ရဲ့အချက်အပြုတ်လက်ရာကအတော်လေးကောင်းတာကြောင့် အခုဆို လုလင်းချက်ပြုတ်ခဲသည် ။ သူက ရုတ်တရပ်စိတ်ကူးပေါက်လာတဲ့အခါ သို့မဟုတ် အထူးအချိန်အခါတွေမှာသာ ဟင်းပွဲအသစ်တွေကိုချက်ပြုတ်သည်။

လုလင်းက ကန်စွန်းဥအသေးလေးတစ်သုတ်ကိုဝယ်ပြီး ကန်စွန်းဥပန်ကိတ်တွေ လုပ်လိုက်သည်။

လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားတဲ့ ကန်စွန်းဥပန်ကိတ်တွေက ပူပူနွေးနွေးဖြင့်အလွန်စွဲမက်ဖွယ်ကောင်းနေကာ အနံ့အရသာအပြည့်ဖြင့် ရွှေညိုရောင် သန်းနေသည် ။

ကန်စွန်းဥပန်ကိတ်အတွက်ဆီလိုတာမို့ လုလင်းအများကြီးမပြုလုပ်ပေ။ အိမ်ကကလေးတွေ တစ်ယောက်ချင်းစီတိုင်းကို တစ်ယောက်တစ်ခုပေးသည်။

ချန်းရှောင်မိုင်က ကန်စွန်းဥပန်ကိတ်ကိုတတိတိစားနေသည် ။ တစ်ကိုက်ကိုက်လိုက်တိုင်း မျက်လုံးတွေတောက်ပသွားသည် ။

" လင်းကောကော ဒါကအရမ်းအရသာရှိတာပဲ "

ချန်းရှောင်မိုင်ထိုသို့ပြောပြီး နောက်တစ်ခုအတွက် ပန်းကန်နားရောက်လာသည် ။ လုလင်းက ချန်းရှောင်မိုင်ရဲ့လက်ဗလာကိုပုတ်လိုက်ပြီး ပြောသည် ။

" မင်း သုံးခုတောင်စားပြီးပြီလေ ။ မင်းဆက်စားဦးမယ်ဆိုရင် မင်းရဲ့ချင်းလန်ကောကောဖို့ ပန်ကိတ်ရှိတော့မှာ မဟုတ်ဘူးနော်။  "

ချင်းလန်က နှုတ်ခမ်းသပ်ပြီးပြောသည် ။

" အစ်ကိုလင်း အဆင်ပြေပါတယ် သူလိုချင်ရင် အဲ့ဒါကိုပေးလိုက်ပါ ။ "

ချင်းလန်က ပန်ကိတ်တွေအိုးထဲကထုတ်လိုက်တဲ့အချိန်မှာ လုလင်းအတွက်လက်တိုလက်တောင်းသွားလုပ်ပေးနေတာဖြစ်သည် ။ သူပြန်လာတော့ပန်းကန်ထဲမှာပန်ကိတ်တစ်ခုပဲကျန်တာကိုသာတွေ့ရသည် ။

လုလင်း ချင်းလန်ကိုဖျတ်ခနဲကြည့်ပြီးပြောသည် ။

" လန် မင်းသူ့ကိုဒီလိုမျိုး အလျော့ပေးဖို့မလိုဘူး ။ ပြီးတော့ ‌ဒါကအများကြီးစားလို့မကောင်းဘူးလေ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now