chapter -43-[ကလေးတွေက ထုန်ယွမ်ကြိုက်ကြတယ်]
ချန်းရှောင်မီ သူတို့ရဲ့စုဆောင်းငွေကို ထပ်မံရေတွက်ပြီးနောက် အားလုံးပေါင်း ငွေပြား ၁၈၀ နဲ့ ၇၆၂ ဆင့် ရှိသည် ။
ချန်းရှောင်မီ ငွေရေတွက်ခြင်းကို နှစ်သက်ပေမယ့် သူတို့ ငွေတွေ ပိုပိုရလာနိုင်တဲ့အကြောင်းကို တွေးမိတဲ့အခါ အနည်းငယ် မပျော်ရွှင်တော့ပေ ။
လုလင်းဝင်လာတာနဲ့ ချန်းရှောင်မီက စုဆောင်းထားတဲ့ငွေအိုးကို လုလင်းဆီ ပေးလိုက်သည် ။
" ငါတို့အတွက် သိမ်းထားပေးနိုင်မလား ။"
လုလင်းက ချန်းရှောင်မီကို အံ့အားသင့်စွာကြည့်လိုက်ပြီး -
" မင်းက ငါ့ကို ငါတို့ငွေတွေ သိမ်းခိုင်းတယ် ? "
ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ -" ဟုတ်တယ် ။ သိမ်းဖို့အကောင်းဆုံးနေရာကို ဒီထပ်ပိုပြီး ငါမစဉ်းစားတတ်တော့ဘူး ။ "
အမှန်တကယ်ကိုပင် အိမ်မှာ ငွေတွေကိုသိမ်းဖို့ အလုံခြုံဆုံးနေရာကို ရှာမတွေ့ပေ ။
လုလင်းပြုံးလိုက်သည် ။ သူ့လက်တွဲဖော်က ယခုတော့ သူ့အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်လာပြီဖြစ်သည် ။
ငွေပြား ၁၈၀ နဲ့ ၇၆၂ ဆင့်က ကြောက်စရာကောင်းတဲ့ ပမာဏဖြစ်သည် ။ ချန်းရှောင်မီက လုလင်းနဲ့သူ မြို့ပေါ်သွားရမယ့်အချိန်နဲ့ ပတ်သတ်ပြီး ငွေတွေကို စိုးရိမ်နေမိသည် ။ ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင် တို့က ကလေးတွေသာဖြစ်ပြီး တကယ်လို့များ သူခိုးတွေအိမ်ဖောက်ဝင်ပြီး ငွေတွေယူသွားခဲ့ရင်ဆိုတဲ့အတွေးကို မစဉ်းစားရဲပေ ။
လုလင်း စုငွေအိုးကို လက်နှစ်ဖက်နဲ့ မထားပြီးနောက် မျက်လုံးကို မှိတ်လိုက်တဲ့အခါ စုငွေအိုးက ပျောက်ကွယ်သွားသည် ။
" ယိုလုပ်ငန်းက အမြတ်အစွန်းများတယ်။ "
ချန်းရှောင်မီ သိသိသာသာပင် ပြုံးကာပြောလိုက်သည် ။
လုလင်းလည်း ပြုံးမိသည် ။ သူ့ရဲ့စတိုးဆိုင်ထဲမှာ အချိန်သက်ရောက်မှုမရှိတာကြောင့် ယိုတွေကိုဆန္ဒရှိသလောက် သိမ်းထားနိုင်မှုအပေါ် ဝမ်းသာမိသည် ။ ယို တွေ မကောင်းတာမျိုး မဖြစ်ပေ ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...