chapter -57-[ကျောင်းလွယ်အိတ် ပုံစံထုတ်လုပ်သူ]
လုလင်းက ဝမ်းထျဲရဲ့ဇနီး ယွင်နျန်ကို မြို့မှာ ပန်းထိုးတဲ့သူတွေကိုရှာဖွေဖို့ ခိုင်းလိုက်သည် ။ သူတို့ကိုတစ်ရက် ၂၅ ဆင့် ပေးတာကြောင့် တစ်ရက်အတွင်းမှာပဲ ပန်းထိုးတဲ့အမျိုးသမီးတွေ ဆယ်ယောက်ကျော်ကို ငှားရမ်းနိုင်ခဲ့သည် ။ လူတွေက အလုပ်လိုချင်ကြပေမယ့် အလုပ်ခေါ်တဲ့နေရာတွေက မလောက်ငှတာကြောင့် ငှားရမ်းရတာ အလွန်အဆင်ပြေချောမွေ့သည် ။
နောက်နေ့မှာလည်း အလုပ်အတွက် တစ်နေရာရာ လိုအပ်သေးလားဆိုပြီး ပိုမိုမေးမြန်းလာကြသည် ။ ယွင်နျန်က သူတို့အား အခုတော့ အလုပ်သမားတွေ လုံလောက်စွာ ငှားရမ်းပြီးပြီဖြစ်ကြောင်း ပြောလွှတ်တာကြောင့် ထိုလူတွေက စိတ်ပျက်စွာဖြင့် ပြန်သွားကြရသည် ။
ယွင်နျန်က အလွန်တော်တဲ့အပ်ချုပ်သမနဲ့ ပန်းထိုးတတ်သူဖြစ်သည် ။ သူမက လွယ်အိတ်ရဲ့ အစိတ်အပိုင်းအားလုံးကို အတူတကွယှဉ်တွဲ ပေါင်းစပ်ပေးတဲ့ တာဝန်ကိုယူထားသည် ။
လုလင်းက ဝမ်းထျဲဟာ အစေခံအနေနဲ့ အတွေ့အကြုံအတော်ရင့်သန်ကြောင်း ရှာတွေ့ခဲ့သည် ။ ယွင်နျန်ကလည်း လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် သူမမျက်နှာမှာ အနီရောက်အမာရွတ်ကြီးက အလှအပကို ဖျက်ဆီးနေသည် ။ သူတို့နှစ်ယောက်ရဲ့သား ဝမ်းရှောင်ဖန်း က အလွန်ပိန်ချုံးနေကာ ရှက်ရွံ့တတ်သည် ။ ဝမ်းရှောင်ဖန်းရဲ့ လက်ဖျံမှာ မီးလောင်ထားတဲ့ အမာရွတ်တချို့ရှိနေသည် ။ ဘယ်လိုတွေဖြစ်ပျက်ခဲ့မှန်း သူမတွေးတတ်ပေ ။
ဝမ်းထျဲနဲ့ ယွင်နျန်တို့ နှစ်ယောက်လုံးက သူတို့သားကို ချစ်ခင်တွယ်တာကြသည်။ သူတို့က သားဖြစ်သူကိုစကားပြောဆိုတဲ့အခါတိုင်း ငြင်သာကာ စိတ်ရှည်ကြသည် ။
လူကုန်သည်ဈေးတန်းက အလုပ်သမားရဲ့အဆိုအရ ဝမ်းထျဲရဲ့မိဘတွေက မိသားစုကြီးက အစေခံတွေဖြစ်သည် ။ ထို့ကြောင့်ပဲ ဝမ်းထျဲဟာ အစေခံတစ်ယောက်အဖြစ်မွေးဖွာလာခဲ့သည်။ ယွင်နျန်က အဆင့်အတန်းမြင့်အမျိုးသမီးရဲ့ မိန်းကလေးအစေခံ(အိမ်ဖော်) ဖြစ်ကာ သူမက ထိုအမျိုးသမီးကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည် ။ သူမက သူ့မျက်နှာပေါ်ကို အမာရွတ်တင်ကာ အပြစ်ပေးခဲ့ပြီး ဝမ်းထျဲအားလက်ထပ်စေခဲ့သည် ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...