chapter -60-[လုထုန်ရဲ့အလည်အပတ်ခရီး]

4.1K 400 2
                                    

chapter -60-[လုထုန်ရဲ့အလည်အပတ်ခရီး]

အဖွားရှန် မြို့မှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက် ချန်းရှောင်မီက ရှန်ချီနဲ့ ချန်းရှောင်ခိုင်ကို သူရွာပြန်တဲ့အခါခေါ်သွားလိုက်သည်။

အစိမ်းရောင် ဟင်းသီးဟင်ရွက်တွေနဲ့ မုန်လာဥတွေက မြို့မှာအတော်တန်ကြေးရှိသည်။ ချွေတာမှုပြင်းပြနေတဲ့ စိတ်ထဲမှာတော့ ရွာကဟင်းသီးဟင်းရွက်တွေကို ရိတ်သိမ်းဖို့အချိန်တိုင်း ပြန်ချင်နေတာဖြစ်သည် ။    

ချန်းရှောင်မီ အိမ်ပြန်ရောက်တဲ့ အချိန်မှာ လုထုန်ကလည်း သူမလက်ထပ်ပြီးနောက် ပထမဆုံးအချိန် လုတွေဆီ ပြန်လာလည်တာဖြစ်သည်။ 

ဒီခေတ်ကာလမှာ သတို့သမီးနဲ့ သတို့သားက သူတို့လက်ထပ်ပြီး တစ်လကြာတဲ့အခါ သတို့သမီး မိသားစုဆီ သွားရောက်လည်ပတ်ရသည် ။ သတို့သားက ယောက္ခမတွေအတွက် လက်ဆောင်တွေဝယ်သွားပေးရပြီး သတို့သမီးက သူမရဲ့မိသားစုအသစ်မှာ ကောင်းမွန်စွာ နေထိုင်နေရကြောင်း ပြသကာ သူမမိဘတွေကို စိတ်ချအောင် သရုပ်ပြရသည် ။

လုလင်းက ချန်းရှောင်မီရဲ့မိသားစုဆီ လက်ထပ်ဝင်သွားတာကြောင့် သူက လုတွေဆီကို သွားရောက်လည်ပတ်ရမှာဖြစ်သည် ။ သို့ရာတွင် လုလင်းရော ချန်းရှောင်မီပါ စိတ်အပင်ပန်းမခံချင်တာကြောင့် မပြန်ကြပေ ။

လုလင်းက ချန်းရှောင်မီနဲ့လက်ထပ်ချိန်မှာ အရမ်းနေမကောင်းဖြစ်နေတာမို့ သူသွားမလည်ပတ်တဲ့အပေါ် မည်သူမျှ အပြစ်မတင်ပေ ။ သို့ပေမယ့် တချို့လူတွေကတော့ လက်ထပ်ပြီး သူ့မိသားစုဆီ ပြန်မသွားတာကြောင့် လုလင်းကို စတင်ဝေဖန်ကြသည် ။ သူတို့က လုလင်းကို ကျေးဇူးမသိတတ်ဘူးလို့တောင် ဆိုကြသည်။ သို့သော် လုလင်းရော ချန်းရှောင်မီပါ အာရုံထဲမထားပေ ။

လုလင်းသာ လုတွေဆီကို ကောင်းမွန်တဲ့ပစ္စည်းတွေတစ်ပုံတစ်ပင် ယူပြီး သွားလည်ပတ်ရင်တောင် သူတို့က ‌သရော်နေကြဦးမှာ ဖြစ်သည် ။ သူတို့နှစ်ယောက်လုံးက ဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး ထပ်ပြီးစိတ်ပူစရာရှိမနေတာမို့ သဘာဝကျကျပင် မည်သူမျှ အသိအမှတ်မပြုမဲ့ အလုပ်ကို လုပ်မနေတော့ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now