chapter -101-[အပြေးအလွှားရောင်းရပြန်တဲ့ ယိုလုပ်ငန်း]
လုလင်းရွာမှာရှိတုန်းက ကလေးတွေကို ဘယ်ရီရိုင်းများကောက်ခိုင်းတဲ့အချိန်မှာ အဖွားချန်း အနည်းငယ်ခိုးကြည့်ခဲ့သည် ။ ကျောင်းရွေ့ကိုမြင်တဲ့အခါ အရမ်းဒေါသထွက်သွားသည် ။
အဖွားချန်း သူတို့အိမ်ကိုသွားပြီး ငွေတောင်းတုန်းက ကျောင်းရွေ့ရဲ့သားသတ်သမားအဖေက သူတို့ထွက်သွားအောင်ဘယ်လိုခြောက်ထုတ်လိုက်လည်းဆိုတာကို မတတ်နိုင်စွာ ပြန်သတိရမိသည် ။ ထိုကိစ္စကြောင့် သူတို့တွေ လူရယ်စရာအဖြစ်ကျဆင်းသွားတာမို့ အဖွားချန်းက သားသတ်သမားကျောင်းကို မုန်းတီးပြီး ကျောင်းရွေ့ကိုတွေ့ရတဲ့အခါ မကျေမနပ်ဖြစ်နေသည် ။
အခု ကျောင်းရွေ့က လုလင်းအတွက်အလုပ်လုပ်ပေးနေတာမြင်တော့ သူတို့တွေလူစုပြီး အခက်တွေ့အောင်လုပ်နေသလို ခံစားရသည် ။ သူ သူတို့အားလုံးကို မုန်းတီးမိသည် ။
" လက်ထပ်ပြီးတဲ့သမီးတစ်ယောက်က ဖိတ်စင်သွားတဲ့ရေတစ်စက်လိုပဲ! ချွမ်အာ ဒီလောက်တောင် အကြင်နာမဲ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး ။ သူက ရှောင်မီနဲ့လုလင်းတို့နဲ့အတူ အုပ်စုဖွဲ့လိုက်တယ် "
အဖိုးချန်းလည်း အနည်းငယ်စိတ်ဓာတ်ကျနေသည် ။ ချန်းကျင်း အဲ့လိုမျိုးအရှုပ်အထွေးတွေလုပ်လိုက်ကတည်းက အဖိုးချန်းက သူ့သမီးက ဝန်ထုပ်ဝန်ပိုးတွေမျှဝေပေးနိုင်တယ်လို့ မျှော်လင့်ထားတာဖြစ်သည် ။
ချန်းချွမ်အာသာ သာမန်လူတစ်ဦးနဲ့လက်ထပ်ထားတာဆိုရင် သူ သူတို့ကိုငွေပြား တချို့ပေးနိုင်မှာသေချာသည် ။ သို့သော်လည်း ချန်းချွမ်အာက သားသတ်သမားတစ်ယောက်နဲ့လက်ထပ်ခဲ့ရပြီး ငွေတစ်ပြားတောင် မပေးနိုင်ခဲ့ပေ ။
လုလင်းက သူလိုချင်တဲ့ဘယ်ရီရိုင်းတွေရပြီးနောက် မြို့ကိုပြန်သွားသည် ။ ချန်းမိသားစုရဲ့ မကျေနပ်ချက်တွေက လုလင်းအပေါ် ဘာမှမထိရောက်ပေ ။
ချန်းရှောင်မိုင်က အိမ်ပြန်ရောက်တာနဲ့ သူ့ရဲ့တန်းဖိုးကြီးရတနာလို မြွေကို ချန်းရှောင်မီဆီ သွားပြသည်။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...