chapter -91-[ချန်းကျင်း ငွေတိုးချေးယူခြင်း]
နွေဦးအင်ပါယာစာမေးပွဲပြီးနောက် လုလင်းရဲ့ဆိုင်က အာရုံစိုက်ခံရတဲ့အချက်အချာနေရာ ထပ်မံဖြစ်လာသည်။ ငွေပြား ၅၀ဖြင့် ကြက်ဖအရုပ်ကြီးကိုဝယ်ယူသွားတဲ့ကောင်စီဝင်တစ်ဦး၏မြေးက စာမေးပွဲအောင်မြင်ခဲ့ပြီး ရှုခိုင်တစ်ယောက်ဖြစ်လာသည် ။
မြေးဖြစ်သူက ၁၅ နှစ်သာရှိသေးပြီး ယခုအကြိမ်စာမေးပွဲအောင်သွားတဲ့ဖြေဆိုသူတွေကြားမှာ အသက်အငယ်ဆုံးနဲ့ အထူးချွန်ဆုံးဖြစ်သည် ။
လူတိုင်းက သူ့ကိုအထင်ကြီးသွားကြပြီး သူ့ရဲ့အရည်အချင်းကို ချီးကျူးမြှောက်ပင့်ကြသည် ။လူတိုင်းက ဒီလူငယ်လေးဟာ အနာဂတ်မှာ အစိုးရစာမေးပွဲကိုကျိန်းသေပေါက်အောင်မြင်ပြီး ရာထူးမြင့်မြင့်ကိုချီးမြင့်ခြင်းခံရလိမ့်မည်ဟု ပြောကြသည် ။
ကောင်စီဝင်က ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပြီး အောင်ပွဲခံမှုကိုရက်အနည်းငယ်လောက် ဆက်တိုက်ကျင်းပသည်။
ပွဲမှာ ကောင်စီဝင်ကဧည့်သည်တွေကိုအထင်ကြီးအောင် ကြက်ဖအရုပ်ကြီးကိုသယ်လာပြီး ဒီကြက်ဖအရုပ်ကြီးရဲ့ကျေးဇူးတွေပဲလို့ အားလုံးကိုပြောသည် ။ စီနိုစီးပွားရေးအိမ်က မင်္ဂလာရှိတဲ့ကြက်ဖအရုပ်ကြီးကြောင့် သူ့မြေးအခုလိုကံကောင်းတာဖြစ်ပြီး ဈေးကြီးတာတောင် လုံးဝတန်သည် ။
စီနိုစီးပွားရေးအိမ်ကအရုပ်တွေက ကံကောင်းတယ်ဆိုတဲ့ကောလဟာလတွေ ပျံ့နှံ့လာပြီးနောက် သူတို့တွေ စူးစမ်းလာကြသည်။ ထိုကောလဟာလက အနီးအနားကရွာတွေနဲ့မြို့တွေကိုတောင် ပျံ့နှံ့သွားသည် ။ လူများစွာက ချစ်မြတ်နိုးစွာနဲ့ အရုပ်တွေဝယ်ဖို့လာကြပြီး အရုပ်အမျိုးအစားမျိုးစုံက ထပ်မံရေပန်းစားလာသည် ။
အဖွားရှန်က အလုပ်များလာပြီးအလုပ်သမားအသစ်တွေကို သင်ပေးနေရပေမယ့် အဲ့ဒီအတွက် ဝမ်းမြောက်မိသည် ။
လတ်တလော ဆိုင်ရဲ့စီးပွားရေးကအရမ်းကောင်းမွန်နေတာကြောင့် အလုပ်သမားတွေကနေ့ရောညပါအလုပ်လုပ်ကြရသည်။ အဲ့ဒါက နည်းနည်းလောက်ပင်ပန်းပေမယ့် အလုပ်သမားတွေကလည်း ဝမ်းသာနေကြသည်။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...