chapter -78-[အတုအပတွေကိုသတိပြုပါ ]

3K 351 0
                                    

chapter -78-[အတုအပတွေကိုသတိပြုပါ ]

အခုဆို လုအန်းအတွက် လယ်အလုပ်လုပ်ခြင်းမှတပါး တခြားရွေးချယ်စရာမရှိပေ။ 

ပထမဦးလေးလုက သူ့ညီအငယ်ဆုံးအလုပ်ပြုတ်သွားပြီး သူတို့မိသားစုကိုအရှက်ရစေတယ်လို့ခံစားရ‌တာကြောင့် ထင်းခုတ်ခြင်း ၊ ရေခပ်ခြင်းတွေကဲ့သို့ လေးလံသောအလုပ်တွေအားလုံးကို လုအန်းဆီလွှဲပေးခဲ့သည် ။

လုအန်း မြို့မှာအလုပ်လုပ်တုန်းက အလုပ်သမားတွေဒါဇင်ပေါင်းများစွာကို စီမံခန့်ခွဲခဲ့ရသည် ။

အလုပ်သမားတွေအားလုံးက သူ့ကိုအပေါ်ယံလေးစားကြပြီး လုအန်းကမလွဲဧကန် အသုံးဝင်တဲ့သူဖြစ်ခဲ့သည် ။

အလုပ်ပြုတ်သွားပေမယ့်လည်း လုအန်းရဲ့စိတ်ကိုကုစားဖို့အချိန်လိုသေးသည်။

လုအန်းက သူ့အစ်ကိုကြီးလုမင်ဆီမှာ နှာဝကိုလက်မနဲ့တေ့ပြီး မမှုကြောင်းပြတာမို့ ညီအစ်ကိုနှစ်‌ယောက် စကားများကြသည် ။

သို့သော် မှားယွင်းတဲ့သူကလုအန်းဖြစ်ပြီး အရင်တည်းကမိသားစုကိုအရှက်ရစေခဲ့သူဖြစ်သည် ။ ထို့ကြောင့် အများအားဖြင့်အသာစီးရတဲ့သူက လုမင်ပင် ။

လုအန်းကမြို့မှာပူပင်ကြောင့်ကြမှုမရှိ နေထိုင်ခဲ့သူဖြစ်သည် ။ အိမ်ပြန်ရောက်ပြီးမှ နေ့ရက်တိုင်းကို ခက်ခဲပင်ပန်းတဲ့အလုပ်တွေ စေခိုင်းခံရတာကြောင့် ကောင်းကောင်းမလုပ်နိုင်ခဲ့ပေ ။

အဖိုးလုနဲ့အဖွားလုတို့နှစ်ယောက်လုံးက လုမင်ကိုဘက်လိုက်ကြတာကြောင့် လုအန်းပို၍စိတ်ဆိုးသွားသည် ။

လုအန်းက အိပ်ယာပေါ်မှာလဲလျောင်းနေပြီး စိတ်ဓာတ်ကျနေတဲ့လေသံဖြင့်ပြောသည် ။

" ငါ့အစ်ကိုကြီးက ငတုံး‌တစ်ယောက်လိုပဲ ။ "

လင်းရှို့ယာ အတွင်းစိတ်ထဲကနေမျက်လုံးလိမ့်လိုက်သည်။ လုအန်းလာဘ်စားငွေတွေကိုသူမဆီတစ်ပြားမှ ယူမလာလို့စိတ်ဆိုးနေသော်လည်း ခင်ပွန်းသည်က လောလောဆယ်စိတ်ဓာတ်ကျနေမှန်းသိနေတာကြောင့် ထိုအကြောင်းတွေကိုမပြောဖို့ဆုံးဖြတ်လိုက်ပြီး မီးတောက်ကိုဆီလောင်းလိုက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Dove le storie prendono vita. Scoprilo ora