chapter -94-[မိသားစုအဆက်အသွယ်ဖြတ်ခြင်းစာလွှာ]

1.8K 279 1
                                    

chapter -94-[မိသားစုအဆက်အသွယ်ဖြတ်ခြင်းစာလွှာ]

" မျိုးနွယ်စုခေါင်းဆောင် ချန်းကျင်းကဘာလို့သူများဆီမှာ ငွေပြား ၁၀၀ ချေးရတာလဲ ။ နားလည်မှုလွဲနေတာများလား "

မျိုးနွယ်စုခေါင်းဆောင် ချန်းဒင်းလည်း ချန်းကျင်းဘာလို့ငွေ၁၀၀ချေးမှန်း သေချာမသိပေ ။ အဖွားချန်းက ချန်းကျင်းအလိမ်ခံလိုက်ရတယ်ပြောပေမယ့် အသေးစိတ်ရှင်းပြခဲ့ခြင်းတော့မရှိ ။ ချန်းကျင်းလောင်းကစားစွဲနေတယ်ဆိုတဲ့ကောလဟာလတွေက ရွာမှာပိုများလာသည် ။

မျိုးနွယ်စုခေါင်းဆောင်က ချန်းကျင်းဘာလို့ငွေချေးမှန်း သေချာမသိပေမယ့် အချိန်မီပြန်မဆပ်နိုင်ရင်တော့ သေတဲ့အထိ ချန်းကျင်းရိုက်နှက်ခံရလိမ့်မည် ။

ရွာကလူအများစုက ချန်းကျင်းစာမေးပွဲစာရွက်အတုကြောင့် ငွေတွေချေးလိုက်တာမှန်း သိထားပြီးကြပြီးပြီဖြစ်ပေမယ့် လူတိုင်းက မျိုးနွယ်စုခေါင်းဆောင်ကိုဖုံးကွယ်ထားသည် ။ ထို့ကြောင့် ချန်းဒင်းက အမှောင်ထဲမှာရှိနေဆဲဖြစ်သည် ။

အဖွားချန်းက ဒေါသတကြီးပြောသည် ။

" ဘာလို့အများကြီးလိုက်ဂရုစိုက်နေရတာလဲ နင်ငါတို့ကိုငွေပေးဖို့ပဲလိုတာလေ ။ နင်မပေးဘူးဆို ငါကိုယ်တိုင်မနက်ဖြန် နင့်ဆိုင်ရှေ့မှာ ကြိုးဆွဲချပြီးသတ်သေပြမယ် ။ "

ချန်းရှောင်မီက အဖွားချန်းကိုဖြတ်ခနဲကြည့်ပြီးပြောလာသည် ။

" အဖွား ကျွန်တော့်အဖေကို တောနက်ထဲမှာအသက်စွန့်စားခိုင်းတဲ့အချိန်တုန်းကလည်း ဒီလိုပြောခဲ့တာပဲ ။ မျက်တောင်တဖြတ်အတွင်းမှာပဲ အဖေသေသွားတာ နှစ်များစွာကြာသွားခဲ့ပေမယ့် အဖွားကအသက်ရှင်နေတုန်းပဲ ။ အဖွားက ဝမ်းကွဲကျင်းကြောင့် ကိုယ့်ကိုယ်ကိုသတ်သေချင်နေတာကို ကျွန်တော်က ဘယ်လိုလုပ်ပြီးတားနိုင်မှာလဲ "

(🤭)

ဘိုးဘေးခန်းမမှာ စောင့်ကြည့်နေကြတဲ့မျိုးနွယ်စုဝင်ရွာသားများစွာရှိသည်။ 

ချန်းရှောင်မီ ထိုသို့ပြောပြီးနောက် မျိုးနွယ်စုဝင်ရွာသား‌တချို့က လှောင်ရယ်လာကြသည် ။ အဖွားချန်း အလွန်ဒေါသထွက်ပြီး တဆတ်ဆတ်တုန်ယင်လာသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Donde viven las historias. Descúbrelo ahora