chapter -96-[ဒုက္ခတွေ‌လျော့သွားပြီ]

2.3K 285 1
                                    

chapter -96-[ဒုက္ခတွေ‌လျော့သွားပြီ]

ချန်းမိသားစုတွင်-

အဖွားချန်း သူ့ရဲ့ပိုက်ဆံအိတ်အလွတ်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည် ။

" ငါ့ဘဝက ဘာလို့ဒီလောက်တောင် အရမ်းခါးသီးနေရတာလဲ "

အရင်က ချန်းကျင်းအတွက်ပြသနာဖြေရှင်းပေးဖို့ အလျင်လိုနေတာမို့ အကျိုးဆက်ကို‌အလေးအနက်စဉ်းစားဖို့ အချိန်နဲ့အင်အား မရှိပေ ။ အခုတော့ ပြသနာပြေလည်သွားပြီမို့ စတင်၍ အောက်မေ့တမ်းတနေမိတော့သည် ။

ငွေပြား ၅၀က သေးငယ်တဲ့ပမာဏမဟုတ်ပေ အဖွားချန်းက သူ့ရဲ့စုဆောင်းငွေအားလုံးကို ထည့်ခဲ့ရသည် ။ အဖွားချန်း ငွေတစ်ပြားမှမရှိတဲ့ ပိုက်ဆံအိတ်အလွတ်ကိုကြည့်ပြီးနောက် ကောင်းကင်ကြီး လည်နေပြီး ကမ္ဘာမြေပြင်ကြီးပတ်ချာလိမ့်နေသလို ခံစားရသည် ။

အဖွားချန်းက ချန်းကျင်းကို အနှစ်သက်ဆုံးဖြစ်သော်လည်း အခု ချန်းကျင်းကို သူဒေါသထွက်နေသည် ။ ချန်းကျင်းကို ခွင့်လွှတ်ပေးလိုက်ဖို့က မိုက်မဲလွန်းသည်ဟုခံစားရသည်။  သူ အဲ့ဒီလူဆိုးတွေဆီကနေ တကယ်ကြီးအတိုးနှုန်းနဲ့ငွေချေးလာသည်။  သူစောစောစီးစီး ဝန်ခံနိုင်ခဲ့ရင် အတိုးနှုန်းအများကြီးပေးစရာမလိုပေ ။ သူသာအစောကြီးထဲက ဝန်ခံခဲ့မယ်ဆို လယ်မြေငါးမူကိုရောင်းလိုက်ဖို့မလိုပေ ။

အဖိုးလုက တိတ်တဆိတ်နဲ့ဆေးတံမှုတ်နေပြီး ရက်ပိုင်းအတွင်းမှာ အိုမင်းလာသည် ။

အဖွားချန်းက အဖိုးချန်းကိုကြည့်ပြီးပြောလိုက်သည် ။

" ရှင်ဘာဆက်လုပ်မှာလဲ ဒီလိုမျိုးနဲ့ကျွန်မတို့ဘယ်လိုရှင်သန်နိုင်ပါတော့မလဲ "

အဖွားချန်း သက်ပြင်းချလိုက်သည် ။

" ငါတို့တွေ အခုတကယ်အလုပ်ကြိုးစားဖို့လိုနေပြီ ။ ဒီအချိန်မှာ လူတိုင်းကမျိုးစေ့ကြဲဖို့အလုပ်များနေကြတာ ကျင်းက လယ်အလုပ်အတွက်အဆင်သင့်ပဲ။ သူကအရမ်းငယ်သေးပေမယ့် သူ့ကိုငါတို့ အိမ်မှာနေပြီးဘာမှမလုပ်ပဲနေခွင့်မပေးနိုင်တော့ဘူး ။ "

အဖိုးချန်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now