chapter -106 -[အမှန်တရားကိုဖော်ထုတ်ခြင်း]

2.2K 282 1
                                    

chapter -106 -[အမှန်တရားကိုဖော်ထုတ်ခြင်း]

ချန်းမိသားစုတွင် -

အဖွားချန်းက သုန်မှုန်စွာပြောသည် ။

" ချန်းရှောင်မီ ဘာတွေတွေးနေတာလဲ။ သူက တကယ်ကြီး ကိုယ့်ရဲ့ညီအရင်းကို ရှန်ချီ့လို ကော တစ်ယောက် နဲ့လက်ထပ်ခိုင်းခဲ့တာပဲ ။ သူကကောတစ်ယောက် ၊ သူမွေးထားတာက‌လဲ ကောကလေးလေး ပြီးတော့ အခုသူ့ညီလက်ထပ်တာကလဲ ‌ကောတစ်ယောက်ပဲ ဘယ်လိုရယ်စရာကောင်းတဲ့ မိသားစုလဲ "

အဖိုးချန်း သက်ပြင်းချကာပြောသည် ။

" ကောနဲ့လက်ထပ်လိုက်လည်း စိတ်ထဲမထားတာမို့ အခုလို သူတို့နောက်ကွယ်မှာ မပြောကြရအောင် ။ "

အဖွားချန်းက စိတ်လှုပ်ရှားစွာမေးသည် ။

" ရှင်ဘာကိုဆိုလိုချင်တာလဲ ကျွန်မက ဒါကိုဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်ပါ့မလဲ ချန်းရှောင်မီက သူ့ညီရဲ့မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး ကျွန်မကို အကြောင်းတောင်မကြားခဲ့ဘူး ။ "

အဖွားချန်းက ချန်းရှောင်မီကသူတို့နဲ့ခွဲထွက်သွားရင်တောင် သူက သူတို့ရဲ့အဖွားဖြစ်နေတုန်းပဲလို့ တွေးခဲ့သည် ။ မင်္ဂလာပွဲအတွက် ဧည့်သည်စာရင်းထဲမှာ သူပါလိမ့်မည် ။ ဒါကြောင့် ချန်းရှောင်ခိုင်လက်ထပ်တဲ့နေ့မှာ အဖွားချန်းက မနက်ခင်းက အရင်အလုပ်‌တွေကို ပြောင်းလဲအစားထိုးလိုက်ပြီး ချန်းရှောင်မီသူ့ဆီ လာလည်မဲ့အချိန်ကို စောင့်ဆိုင်းခဲ့သည်။

အဖွားချန်း မူလက ချန်းရှောင်မီလာခဲ့ရင် ထိုဖိတ်ကြားမှုကိုလက်မခံတဲ့အမူအရာ အရင်လုပ်မည်ဟုတွေးထားသည် ။ သို့သော် အဖွားချန်းက အိမ်မှာနေ့လည်စာစားတဲ့အချိန်ထိစောင့်နေပေမယ့် သူ့ဆီ ဘယ်သူမှလာရောက်ခြင်းမရှိဆဲပင် ။ ချန်းညီအစ်ကိုတွေက သူတို့ရဲ့နှလုံးသားထဲကနေ သူ့ကိုစွန့်လွှတ်လိုက်ပြီဆိုတာ စပြီးသဘောပေါက်သွားခဲ့သည် ။ သူတို့ရဲ့အဖွားဆိုတဲ့ နံမည်‌‌ကိုခေါ်ပြီးဖိတ်ကြားတာ လိုအပ်ဖို့တောင် မဖြစ်နိုင်တော့ပေ ။

အခြားတစ်ဖက်မှာတော့ အဖွားချန်းနဲ့ အဖိုးချန်းတို့က မင်္ဂလာပွဲတက်ရောက်ကြတဲ့ရွာသားတွေဆီကနေ အခမ်းအနားမှာ ကျွေးမွေးတဲ့အစားအစာတွေက အလွန်ကောင်းမွန်ကြောင်းကြားခဲ့ရသည် ။ဟင်းပွဲအများစုက တနင့်တပိုး အသားတွေကိုအခြေခံထားပြီး ငွေများစွာ သုံးစွဲထားတာဖြစ်ရမည်။ ရွာသားတွေက ရှန်ချီ့ကို ကံကောင်းတဲ့လူလို့လဲ ပြောကြသည် ။ သူနဲ့ချန်းရှောင်ခိုင်က သက်သောင့်သက်သာ ဘဝကိုဖြတ်သန်းရမှာသေချာသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now