chapter -111 -[အရာရှိရာထူးတစ်ခုဝယ်ယူခြင်း]
စီနိုစီးပွားရေးအိမ်တွင် -
ချန်းရှောင်မီက ခုတင်ပေါ်ထိုင်နေပြီး စူပုတ်ပုတ်ဖြင့် ပြောလာသည် ။
" ဒါက များလွန်းသွားပြီ "
လုလင်းက ချန်းရှောင်မီကို ကြည့်ပြီးပြောသည် ။
" လူတွေက အရာရှိတွေနဲ့မတိုက်ခိုက်ကြဘူး ။ ကိုယ်တို့ကောင်တီက မကြာခင်နုတ်ထွက်တော့မှာမို့ မြန်မြန်ဆန်ဆန်အမြတ်ထုတ်ချင်တာက သူ့အကြံအစည်ဖြစ်ရမယ် ဒါပေမယ့် အတွင်းရေးမှူးချုပ်ကလည်း အဲ့ဒီကိစ္စနဲ့တစ်ခုခုတော့ ပတ်သတ်နေရမယ် "
ပစ်မှတ်ထားခံရတာ သူတို့ဆိုင်တစ်ဆိုင်တည်း မဟုတ်ပုံပင် ။ ကံကောင်းပါစေ စားသောက်ဆိုင်အပြင် အခြားဆိုင်တချို့ကလည်း တူညီတဲ့ဖိအားတွေနဲ့ကြုံတွေ့ခဲ့ရသည် ။ ကံကောင်းစွာဖြင့် ကောင်တီတရားသူကြီးက ထိန်းမနိုင်သိမ်းမရဖြစ်မှာကိုကြောက်တဲ့အတွက် သူတို့မိသားစုတွေဆီက အာမခံကြေးအများအပြားရရှိပြီးနောက် လူတိုင်းကို ပြန်လွှတ်ပေးခဲ့သည် ။
ဒီမတော်တဆမှုက လုချောင်ယုနဲ့တစ်ခုခုပတ်သတ်နေမယ်လို့ လုလင်းခံစားမိသည် ။
လုလင်းက ဒီကမ္ဘာပေါ်မှာငွေနဲ့တင်မလုံလောက်ဘဲ သူ့ကိုယ်သူကာကွယ်နိုင်ဖို့ လက်ထဲမှာအာဏာရှိဖို့လဲလိုတယ်လို့ ရုတ်တရက် ခံစားမိသွားသည်။
ယန်းဟန်ကျီး လွန်ခဲ့တဲ့ရက်ပိုင်းတချို့က သတိပေးခဲ့သည် ။ မကြာခင်မှာ ကသောင်းကနင်းဖြစ်မှုတချို့ ရှိလာမှာလို့ သတိထားဖို့ပြောခဲ့သည် ။ သို့သော်လည်း သာမန်လူတွေအတွက် အရာရှိတွေနဲ့ရင်ဆိုင်ဖို့ခက်ခဲသည်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ စီနိုစီးပွားရေးအိမ်က နံမည်ကောင်းရခဲ့သည်။ သူနဲ့ချန်းရှောင်မီတို့မှာ ကျောထောက်နောက်ခံမရှိတဲ့အတွက် သူတို့က လွယ်လွယ်ကူကူနဲ့ပစ်မှတ်ထားခံခဲ့ရသည် ။
ချန်းရှောင်မီက သုန်မှုန်စွာပြောသည်။" ငါ အဲ့ဒီအစိုးရအရာရှိတွေကို မုန်းတယ် "
လုလင်း ခေါင်းညိတ်လိုက်သည် ။
![](https://img.wattpad.com/cover/333345783-288-k144746.jpg)
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...