chapter -51-[လုထုန် လက်ထပ်တော့မယ်]
လုထုန်ရဲ့ လက်ထပ်မှုက လုချောင်ယု အထွေထွေအတွင်းရေးမှူးအိမ်က ခယ်မနဲ့ စေ့စပ်ပြီးနောက်မှာ အခြေတကျဖြစ်လာတာ ဖြစ်သည် ။
လုထုန်လက်ထပ်တော့မယ်လို့ ကြားရတဲ့အခါ လုလင်း အံ့ဩမိသွားသည် ။
" လီကျီ ၊ လေပြင်းရွာက မုဆိုးဖိုလီလား ။ ထောင်နဲ့ အောင်သွယ်တော်ဝမ်တို့တောင် အဲ့ဒီကိစ္စနဲ့ ပြသနာဖြစ်ကြသေးတယ် မဟုတ်လား။ အဲဒီလီကျီ မုဆိုးဖိုတစ်ယောက်ဖြစ်တဲ့အပြင် ငါးနှစ်အရွယ်ကလေးတစ်ယောက်လည်း ရှိသေးတယ် ။ ထောင်က ဘယ်လိုဖြစ်ပြီး လုထုန်ကို တစ်စုံတစ်ယောက်ရဲ့ မိထွေးလုပ်ခိုင်းဖို့ စိတ်ကူးရသွားတာလဲ။ ဒီအခြေအနေက လုထုန်အတွက် တကယ်ဆိုးရွားတယ် ။ "
ချန်းရှောင်မီ ခေါင်းညိတ်ကာ ပြောလိုက်သည် ။
" အရွယ်ရောက်တဲ့ယောက်ျားလေးတွေက နောက်ဆုံးနှစ်မှာ လက်ထပ်ကြလေ့ရှိတယ် ။ ငွေသုံးပြားက နည်းတဲ့ပမာဏမှ မဟုတ်ပဲ ။ လုချောင်ယုက လွဲပြီးတော့ပေါ့။ ပြီးတော့ထောင်က လုထုန်ကြောင့် လက်ဖွဲ့ငွေ အဖြစ် ငွေပြား၂၀ ရဦးမှာလေ။ ဒါကြောင့် လုထုန်အတွက်တော့ ရွေးချယ်ရမယ့်အရာက အကန့်အသတ်နဲ့ရှိနေတာ ။ "
လီကျီက သားတစ်ယောက်အဖေ မုဆိုးဖိုပေမယ့် သူတို့မိသားစု အလွန်ချမ်းသာကြသည် ။
ထိုသို့ပြောနေသော်လည်း လုလင်းအတွက်တော့ မြို့ပေါ်က အရာရှိနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ လုထုန်က တစ်စုံတစ်ယောက်ရဲ့ မိထွေးဖြစ်ဖို့ ဆန္ဒရှိနေတဲ့အကြောင်းကို ကြားလိုက်ရတာကြောင့် အံ့အားသင့်နေဆဲဖြစ်သည် ။
ချန်းရှောင်မီက ဆက်ပြောသည် ။
" လုထုန်လည်း တကယ်တမ်းပြောစရာရှိနေမယ်လို့တော့မထင်ဘူး ။ ငါတို့ရွာမှာ လက်ထပ်ပွဲအခမ်းအနားက ရိုးရှင်းတယ် ။ နွားလှည်းတစ်စီးငှားပြီး သတို့သမီးကို ခေါ်ယူရုံပဲ ။ ဒါပေမယ့် လီဖုန်းယွီကတော့ သူတို့ရဲ့လက်ထပ်ပွဲအခမ်းအနားအတွက် အရမ်းအားထုတ်ထားပုံရတယ် ။ ငါကြားတာတော့ လုတွေက လီဖုန်းယွီ နဲ့ အထွေထွေအတွင်းရေးမှူးကို မျက်နှာလုပ်ဖို့အတွက် ကြီးမားတဲ့ မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပကြမှာတဲ့ ။ သူတို့က မြို့ပေါ်က ဝေါယာဉ်ကုလားထိုင်ကို ငှားရမ်းဖို့တောင် တွေးနေကြတယ်ဆိုပဲ ။ ပြီးတော့သူတို့က လက်ဖွဲ့လက်ဆောင်အမျိုးအစားများစွာကို ပြင်ဆင်ဖို့လည်း လိုအပ်နေသေးတယ် ။ ရွာမှာရှိတဲ့ မိန်းကလေးမိသားစုတွေသာဆို နေစဉ်သုံးပစ္စည်းတချို့လောက်ပဲ တောင်းမှာပေမယ့် မြို့ပေါ်က မိန်းကလေးဆိုရင်တော့ လက်ဝတ်ရတနာ အဆင်တန်ဆာနဲ့ ကောင်းမွန်တဲ့အထည်တွေကိုတောင်းမှာ။ "
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...