chapter -45-[နောက်တစ်ကြိမ် အမဲလိုက်ထွက်ခြင်း]
လုလင်းအပြင်ကနေလမ်းလျှောက်ဝင်လာတဲ့အချိန်မှာ ချန်းရှောင်မီက သူ့လေးနဲ့မြားကိုသုတ်နေတာဖြစ်သည် ။
" မကြာခင် အမဲလိုက်ထွက်တော့မလို့လား ။"
" ဟုတ်တယ် ၊ ငါ့လက်ရည်မကျအောင် ပြန်သွားကြည့်ဖို့လိုတယ် ။ "
ချန်းရှောင်မီက ငွေရဖို့အတွက် အမဲလိုက်စရာမလိုတော့ပေမယ့် သူ့ရဲ့အမဲလိုက်ပညာ ကိုယ်ရည်သွေးရတာကိုတော့ နှစ်သက်သည်။ပြီးတော့ စားပွဲပေါ်ကို အစားအသောက်တွေအဆက်မပြတ်ယူလာနိုင်တာကို သဘောကျသည် ။
လုလင်း အရင်ရက်တွေက ခြံဝန်းထဲမှာစိုက်ထားတဲ့ ဟင်းရွက်တွေကိုရိတ်သိမ်းထားသည် ။ ပြီးတော့ သူတို့က သုံးရက်လုံး အသီးအရွက်တွေပဲစားခဲ့သည် ။
ချန်းရှောင်မီက အစားမရွေးခဲ့ပေမယ့် လုလင်းက သူတို့ကိုအမြဲလိုလိုအသားဟင်း ချက်ပေးလေ့ရှိတာကြောင့် ဟင်းရွက်စားပွဲတွေကို အမှန်တကယ် မနှစ်သက်တော့ပေ ။ ပြီးတော့ လုလင်းက အဆီများတဲ့အသားတွေအစား အဆီနည်းတဲ့အသားကို ဘာကြောင့်ကြိုက်မှန်း နားလည်လာခဲ့သည် ။ ဘာကြောင့်မှန်းမသိပေမယ့် ချန်းရှောင်မီက လုလင်းနဲ့ ပိုပိုပြီး အကြိုက်တူလာသည် ။
ချန်းရှောင်မီက လုလင်းရဲ့မွေးရပ်မြေနဲ့ပတ်သတ်ပြီး အလွန်စူးစမ်းသိချင်နေသည် ။ သူက လုလင်းရဲ့ မော်ဒန်ခေတ်နဲ့ ဈေးဆိုင်အကြောင်းနဲ့ပတ်သတ်ပြီး မေးခွန်းတွေအများကြီး ရှိနေသည် ။ သူက ခေတ်သစ်ရဲ့ဆွဲဆောင်ခြင်းကို ခံနေရပြီး သူတို့နဲ့မတူကွဲပြားတဲ့ ဘဝနေထိုင်မှုပုံစံမှာ ရှင်သန်နေတဲ့ လူတွေအကြောင်းကို အံ့အားသင့်နေသည် ။
" ငါမင်းနဲ့ အတူသွားလို့ရမလား ။ "
လုလင်းမေးလိုက်သည် ။
ချန်းရှောင်မီ ခဏအကြာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
" မင်းသတိထားဖို့တော့လိုမယ် ။ မြွေတွေကို သတိထား ၊ အခု နွေဦးရောက်နေပြီ ။ "
လုလင်းပြုံးလိုက်မိသည် ။
" သတိပေးတဲ့အတွက် ကျေးဇူးပဲ ။ "
![](https://img.wattpad.com/cover/333345783-288-k144746.jpg)
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...