chapter -88-[အင်ပါယာ စာမေးပွဲနဲ့အရုပ်များ]
ဆောင်းရာသီ ကုန်ဆုံးပြီးနောက် ကမ္ဘာမြေပြင်ပေါ်ကို နွေဦးပြန်လည်ရောက်ရှိလာသည်။
တရုတ်နှစ်သစ်ကူးပြီးတဲ့အခါ ချန်းရှောင်ခိုင်က ဆိုင်ခွဲပြန်ဖွင့်ဖို့အတွက် မိုးမခမြို့ကိုပြန်ဖို့လုလင်းဆီအပူကပ်သည် ။
သစ်တောမြို့ကဆိုင်ကတစ်ချိန်လုံးဖွင့်ထားပြီး နှစ်ကူးရာသီအတွင်း ဆိုင်ရဲ့ရောင်းအားစံနှုန်းမြင့်တက်သွားခြင်းက ချန်းရှောင်ခိုင်ကို မနာလိုမှုဖြစ်ပေါ်စေသည်။
နှစ်သစ်ကူးအကြိုနေ့တုန်းက မီ ခိုင့်ကိုသူအခန်းထဲခေါ်ကာ မိုးမခမြို့နဲ့သစ်တောမြို့မှာရှိတဲ့ဆိုင်နှစ်ခုလုံးက သူတို့ပိုင်ဆိုင်တာဖြစ်ကြောင်း ပြောပြသည် ။ သူတို့နောက်ကွယ်မှာ တခြားဘာသူဌေးမှမရှိပေ ။
ပထမတော့ လုလင်းက ချန်းရှောင်ခိုင်ဟာဒီသတင်းထူးကြီးကိုကိုင်တွယ်နိုင်ဖို့အတွက် ငယ်လွန်းသေးတယ်လို့ ထင်ခဲ့သည်။ သို့သော် ချန်းရှောင်မီက သူ့ညီဟာ စေ့စပ်ထားပြီး ဆိုင်ထိန်းဖြစ်လာတာကြာပြီမို့ အမှန်တရားကိုသိသင့်တဲ့အချိန်ရောက်ပြီဟု တွေးသည်။
ချန်းရှောင်မီ သူ့ကိုအမှန်အတိုင်းမပြောခင်တည်းက ချန်းရှောင်ခိုင် သံသယတွေရှိခဲ့ပေမယ့် ဒါတွေကိုနားလည်လက်ခံနိုင်ဖို့ အချိန်အနည်းငယ်ယူရတုန်းပင် ။
မီက ခိုင့်ကို နှစ်နှစ်ကြာပြီးတဲ့နောက် သူနဲ့ရှန်ချီတို့ တရားဝင်လက်ထပ်ပြီးတဲ့အခါ မိုးမခမြို့ကဆိုင်ကို သူ့ဆီ လွှဲပြောင်းပေးမယ်လို့ပြောသည်။
ချန်းရှောင်ခိုင်က ရုတ်တရက်ကြီးသူ့အစ်ကိုကဒီလိုမျိုးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားတာမို့ သူရှက်ရွံ့စွာငြင်းပယ်ခဲ့သည်။
ချန်းရှောင်ခိုင် ငယ်စဉ်ကချို့တဲ့နွမ်းပါးခဲ့ပြီး ရှန်ချီလည်း ထို့နည်းတူဖြစ်တာမို့ သူတို့က အလုပ်ကြိုးစားမှုကိုသာ ယုံကြည်ကြသည် မိုးမခမြို့ကိုပြန်ရောက်တာနဲ့အလုပ်စလုပ်ကြမယ့်ကိစ္စနဲ့ပတ်သတ်ပြီး အမြင်တူကြသည် ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...