chapter -69-[မန်နေဂျာ ချန်းရှောင်ခိုင်]
ချန်းရှောင်မီ သူ့လက်ထဲမှာရှိတဲ့စာရင်းစာအုပ်ကို ကြည့်လိုက်သည် ။ သစ်တောမြို့က စီးပွားရေးအိမ်မှာ ရောင်းအားကျဆင်းနေသော်လည်း မိုးမခမြို့မှာကွဲပြားကာ စီးပွားရေး ထွန်းပေါက်သည် ။
" မနက်ဖြန် ငါမင်းနဲ့အတူမိုးမခမြို့ကိုသွားမယ် ။ "
လုလင်း ချန်းရှောင်မီကိုစိုက်ကြည့်လိုက်သည် ။
" ကိုယ်သွားမယ် ၊ မင်းအိမ်မှာပဲနေခဲ့ ။ မနက်ဖြန် ပစ္စည်းတွေသယ်ဖို့လာမယ့် လူအများကြီးရှိသေးတယ် ။ "
ချန်းရှောင်မီ မျက်လုံးမှိတ်ပြီး ပြောလာသည် ။
" လမ်းမှာ ငါ့ဘာသာ ဂရုစိုက်နိုင်ပါတယ်။ "
လုလင်း ပြုံးလိုက်သည် ။
" ဟုတ်တာပေါ့ ကိုယ်သိပါတယ် ။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရုံတင်မကဘူး ကိုယ်တို့ကလေးနဲ့ ကိုယ်တို့ဆိုင်ကိုပါ ဂရုစိုက်နိုင်မှန်း ကိုယ်သိတာပေါ့။ ခုတလော နေအရမ်းပူပြီး လမ်းမှာလည်း ချိုင့်ခွက်တွေအများကြီးရှိတယ် ။ အပူလျှပ်သွားရင် ဘယ်လိုလုပ်မလဲ ။ "
ချန်းရှောင်မီ ခေါင်းညိတ်လိုက်သည် ။
" အဓိပ္ပာယ်ရှိပါတယ် ။ ငါက ခိုင့်ကိုစစ်ဆေးကြည့်ချင်ရုံတင်ပါ ။ မိုးမခမြို့မှာမနေချင်ရင် အချိန်မရွေးအိမ်ပြန်လာနိုင်တယ်လို့ သူ့ကိုပြောလိုက်ပါ ။ "
" ကိုယ်သိပြီ ၊ သူ ကျင့်သားမရရင် ကိုယ်ဆိုင်အတွက် နောက်တစ်ယောက်ထပ်ရှာလိုက်မယ် ။ "
သို့သော်လည်း ဆိုင်ရှင်လိုနေရာမှာယုံကြည်စိတ်ချရတဲ့သူကို အသုံးပြုခြင်းကသာ အကောင်းဆုံးဖြစ်သည်။ မဟုတ်ရင် ဆိုင်ပိုင်ရှင်က စူးစမ်းစစ်ဆေးတဲ့မျက်လုံးတစ်စုံနဲ့ စာရင်းစာအုပ်ကို စစ်ဆေးရလိမ့်မည် ။
..........
ချန်းရှောင်ခိုင်က သူ့ရဲ့ခေါင်းအုံးအောက်မှာ ဝင်ငွေတွေကိုဖွက်ထားပြီး အနည်းငယ်စိုးရိမ်သောကရောက်နေသည် ။
ဒီနေ့မှာ ၁၀ အိတ်ထက်ပိုရောင်းရတာကြောင့် ငွေ ၃ ပြားထက်ပိုရှိပြီး အရင်နေ့က ငွေ ၄ ပြား ထပ်ပေါင်းထည့်ရင် ဆိုင်ဖွင့်တည်းက စုဆောင်းထားတဲ့စုစုပေါင်းငွေမှာ ငွေပြား ၂၀ ရှိသည်။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...