chapter -113 -[အိမ်ကြီးကို ပြန်လည်ပြင်ဆင်ပြီးခန်ဆောက်လုပ်ခြင်း]

918 148 0
                                    

chapter -113 -[အိမ်ကြီးကို ပြန်လည်ပြင်ဆင်ပြီးခန်ဆောက်လုပ်ခြင်း]

လျိုဝမ် လက်ထဲမှာ ဆင့် ၂၀ ကိုင်ထားပြီးနောက် အလွန်များပြားသည်ဟု ခံစားရသည် ။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လျိုဝမ်ဟာ ကုန်သည်တွေအတွက်လမ်းပြအဖြစ်လုပ်ကိုင်ပေးခဲ့သည် ။ သူ့ရဲ့လမ်းပြအလုပ် မြန်ဆန်လွယ်ကူသည် ။ ရက်အတော်ကြာ အလုပ်တစ်ခုဖြစ်ဖို့ မသေချာရင်တောင် သူအဲ့ဒါကိုနှစ်သက်ဆဲဖြစ်သည် ။ လုလင်းနဲ့ သူ့အဖွဲ့တို့ ရှစီရင်စုပိုင်နက်ထဲကို ခြေချလိုက်ကတည်း သူ့ကိုယ်သူပစ်သွင်းလိုက်တာဖြစ်သည်။

" လျိုဝမ် ကောင်တီတရားသူကြီးအသစ်ကို တွေ့ခဲ့တယ်မလား ။ "

မျက်မမြင်တစ်ယောက်က အပြုံးတစ်ခုနဲ့မေးလာသည် ။

သူ့ရဲ့မျက်လုံးတစ်ဖက်မှာ ကြောက်စရာကောင်းတဲ့အမာရွတ်ရှိကာ သူ့ရဲ့စစ်ပွဲ‌တစ်ခုကနေ ရလာတာဖြစ်သည်။

လျိုဝမ်ခေါင်းညိတ်လိုက်သည် ။

" အမှန်ပဲ ၊ ကျွန်တော်သူ့ရဲ့နေအိမ်ကို လမ်းပြပေးခဲ့တယ် ။ ကောင်တီရာမန်ရဲ့ပုံစံကြောင့် ထိတ်လန့်သွားတဲ့ပုံပဲ "

မျက်မမြင်လူက ပြုံးကာပြောသည် ။

" ဒီကောင်တီအရာရှိတွေက ပြည်သူ့ဘဏ္ဍာကို သူတို့အိတ်ကပ်ထဲထည့်ချင်တာကလွဲပြီး ဘာမှဂရုမစိုက်ဘူး ။ အမြင့်ပိုင်းအကြီးအကဲတွေက ဘာကြောင့်များ ဒီလူတွေကိုပို့လိုက်ကြမှန်း မသိဘူး ။ "

ရှစီရင်စုက မူလတည်းက အရင်းအမြစ်တွေ နွမ်းပါးပြီး ရန်သူတွေက သူတို့ကိုမကြာခဏတိုက်ခိုက်လေ့ရှိသည် ။ အရင်တုန်းက ရှစီရင်စုမှာ သည်းခံရတာကိုမုန်းတီးတဲ့ ကောင်တီတရားသူကြီး တစ်ဦးရှိပြီး ချမ်းသာတဲ့နေရာကို ပြောင်းရွေ့ချင်ခဲ့သည် ။ သူက သူ့ထက်မြင့်တဲ့အကြီးပိုင်းတွေကိုလာဘ်ထိုးဖို့မျှော်လင့်ကာ လူတွေရဲ့အသက်သွေး‌တွေကို‌သောက်သုံးရင်း သူ့ကိုယ်သူ ဝဖြိုးစေခဲ့သည်။ သို့သော် ရှစီရင်စုမှာရှိတဲ့လူတွေက သွားရှုပ်ဖို့မလွယ်ကူပေ ။ သူတို့က ထိုတရားသူကြီးကို သတ်ပြစ်လိုက်ကြသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Donde viven las historias. Descúbrelo ahora