chapter -90-[အဖိုးလု လေဖြတ်သွားပြီ]
လုမိသားစုမှာအချိန်အတော်ကြာ ဂယက်ထသွားသည် ။ တွန့်တိုလွန်းတဲ့အဖွားလုတောင် သူ့ခင်ပွန်းသတိလစ်သွားတာကိုတွေ့တဲ့အခါ လျစ်လျူရှုမထားနိုင်တော့ဘဲ အံကြိတ်ပြီးသမားတော်ဆီသွားပို့သည် ။
(T/N - လင်ထိပ်ထားစံလုလု🙄)
အဖိုးလုကိုတွေ့ပြီးနောက် သမားတော်က ကူကယ်ရာမဲ့စွာခေါင်းခါလိုက်သည် ။
မကြာခင်မှာပဲ အဖိုးလုလေဖြတ်သွားတဲ့သတင်းက ရွာအနှံ့ပျံ့နှံ့သွားသည်။
ထိုသတင်းက လုလင်းရဲ့နားထဲထိရောက်သွားပြီး အံ့ဩသွားကာ မကြာခင်မှာ ပြန်လည်စိတ်သက်သာရာရသွားခဲ့သည် ။
ဒီခေတ်ကာလက လူများစွာဟာအာဟာရချို့တဲ့ကြပြီးအလုပ်ပိုလုပ်တာမို့ သူတို့ရဲ့ဘဝသက်တမ်းက အလွန်တိုတောင်းသည် ။ လူအများစုက အသက်လေးဆယ်အရွယ်မှာသေဆုံးကြပြီး ခြောက်ဆယ် ၊ခုနှစ်ဆယ်လောက်ဆို အသက်ရှည်သည်ဟု ယူဆကြသည် ။ အဖိုးလုက အခုဆိုမြေးအကြီးဆုံးရရှိနေပြီမို့ သူ့အသက်အရွယ်မှာချို့ယွင်းချက်တွေ ဖြစ်ပေါ်ခံစားရတာက အံ့ဩစရာမဟုတ်ပေ ။
အဖိုးလုကို လုလင်းသိပ်ပြီးဂရုမစိုက်ပေ ။
အဖွားလုက လွှမ်းမိုးခြယ်လှယ်ပြီး မကောင်းမှုများစွာကို အစပြုသူဖြစ်သော်လည်း အဖိုးလုသာ မူလပိုင်ရှင်လုလင်းအတွက် စကားနည်းနည်းလောက်ပြောပေးခဲ့ရင် မူလပိုင်ရှင်ရဲ့ဖခင်က စစ်မြေပြင်မှာသေဆုံးသွားရမည်မဟုတ်ပေ ။
ချန်းရှောင်မီ စူပုတ်ပုတ်ဖြင့်ပြောသည် ။
" အဖိုးလု လေဖြတ်သွားတဲ့အတွက် ဒါတကယ်ဆိုးရွားနေတဲ့အချိန်ပဲ "
လုမိသားစုမှာ ကလေးနှစ်ယောက်မွေးထားပြီး သူတို့အတွက် ဗျာများနေကြကာ အဖိုးလုကပါ ရုတ်တရက်ကြီးပြိုလဲသွားတဲ့အခါ ဒုက္ခများလာသည်။
လုလင်း ပြုံးပြီးပြောသည် ။
" သူတို့အဆင်ပြေသွားမှာသေချာပါတယ် ။ ငတ်မွတ်နေတဲ့ကုလားအုတ်က မြင်းတစ်ကောင်ထက်တော့ပိုကြီးပါတယ်(ဆင်ပိန်တော့ကျွဲလောက်ရှိ) ။ ချမ်းသာတဲ့မိသားစုတွေကအရင်ကထက်ပိုပြီး ချို့တဲ့သွားပေမယ့် ဆင်းရဲသားတွေထက်တော့ ကြွယ်ဝနေဆဲပဲလေ ။ "
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...