chapter -97-[ချန်းကျင်းကို လယ်လုပ်ဖို့ ဖိအားပေးနေပြီ]

2.7K 334 3
                                    

chapter -97-[ချန်းကျင်းကို လယ်လုပ်ဖို့ ဖိအားပေးနေပြီ]

လုမိသားစုတွင် -

လုအန်းက ထမင်းဝိုင်းမှာရုတ်တရပ်စပြောလာသည် ။

" အမေ ကျွန်တော် ချန်းကျင်းကို လယ်ထဲမှာမြင်ခဲ့တယ် ။ ချန်းမိသားစုက ချန်းကျင်းကိုပညာသင်ကြားဖို့ ဒီထက်ပိုပြီးမထောက်ပံ့နိုင်တော့တဲ့ ပုံပဲ "

အဖွားလုက လုအန်းရဲ့စကားကို ကြားတော့ပြောသည်။

" ငါမအံ့ဩပါဘူး ချန်းကျင်းက အခုချိန်မှာပြသနာအကြီးကြီးရှာထားတာလေ ချန်းမိသားစုက သူ့အတွက် လယ် ၅ မူတောင် ရောင်းလိုက်ရတယ် သူတို့မှာ ငွေတစ်ပြားတစ်ချပ်မှ ကျန်တော့မှာမဟုတ်ဘူး "

ချန်းမိသားစုဆီမှာ မူလတုန်းက ‌လယ်မူ ၂၀ ရှိပေမယ့် အခုတော့ လယ် ၁၅ မူသာကျန်တော့သည် ။ သူတို့အတွက် ဝင်ငွေအများကြီးထိခိုက်ဆုံးရှူံးသွားနိုင်သည် ။

လုအန်း ခေါင်းညိတ်လိုက်သည် ။

" အရမ်းမှန်တယ် "

လုချောင်ယု လုအန်းကိုဖြတ်ခနဲကြည့်လိုက်ပြီးနောက် လုအန်းက ချန်းကျင်းရဲ့ပြသနာနဲ့ သူ့ကိုသတိပေးနေတာလို့ ယောင်ဝါးဝါး ခံစားမိသည် ။ တကယ်တမ်းသူက သူ့ကိုငွေထောက်ပံ့နေတာကိုရပ်လိုက်ပြီး စုဆောင်းသင့်တယ်လို့ ပြောချင်တာဖြစ်သည် ။

လုချောင်ယုက ချန်းကျင်းနဲ့ကွဲပြားသည်။ ချန်းကျင်းက ပညာမဲ့ပြီး အရည်အချင်းမပြည့်မီပေမယ့် သူက ကံကောင်းမှုတချို့သာလိုအပ်တာဖြစ်သည် ။

လုချောင်ယုရဲ့မျက်နှာမည်းမှောင်သွားပြီး သူ့နှလုံးသားထဲမှာ လုအန်းကို ပိုပြီးမုန်းတီးလာမိသည် ။ ဒီအတောအတွင်းမှာ သူနဲ့လုအန်းတို့ အငြင်းပွားမှုတွေ အဆက်မပြတ်ဖြစ်လာသည် ။

" ချန်းရှောင်မီက ဆိုင်ကငွေတွေကိုအလွဲသုံးစားလုပ်တာဖြစ်ရမယ် ။ မဟုတ်ရင် သူဘယ်လိုလုပ် တစ်ခါတည်းနဲ့ငွေပြား ၃၀ ကို ထုတ်ပေးနိုင်မှာလဲ "

အဖွားလုက သုန်မှုန်စွာပြောသည် ။

လုအန်းထိုစကားကြားတဲ့အခါ သူ့မျက်လုံးတွေ မှေးကျဉ်းသွားသည် ။ စီနိုစီးပွားရေးအိမ်မှာ လစဉ်လတိုင်း ငွေရာချီ လည်ပတ်နေသည် ။ သူဌေးကြီးကလည်း ဘယ်နေရာမှာမှ မတွေ့ရတာမို့ ငွေတချို့တလေကို အလွဲသုံးစားလုပ်လိုက်ဖို့က မခက်ခဲပေ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)حيث تعيش القصص. اكتشف الآن