chapter -103 -[ရှောင်ခိုင်က အထင်မကြီးဘူး]

2.7K 317 0
                                    

chapter -103 -[ရှောင်ခိုင်က အထင်မကြီးဘူး]

စီနိုစီးပွားရေးအိမ်တွင် -

ချန်းရှောင်ခိုင် မြင်းလှည်းပေါ်ကဆင်းလာသည်။ လွန်ခဲ့တဲ့နှစ်နှစ်က လုလင်းချန်းရှောင်ခိုင်အတွက် မြင်းလှည်းတစ်စီးဝယ်ပေးထားတာမို့ မိုးမခမြို့နဲ့ သစ်တောမြို့ကို သွားလာနိုင်သည်။

" အစ်ကိုကြီး "

ချန်းရှောင်ခိုင် စီနိုစီးပွားရေးအိမ်ကို ပြန်ရောက်တာနဲ့ ချန်းရှောင်မီကို အရင်ဆုံးသွားတွေ့သည် ။

ချန်းရှောင်မီက ချန်းရှောင်ခိုင့်ကို ဖြတ်ခနဲကြည့်ကာပြောသည် ။

" မင်းပြန်လာပြီပဲ ခိုင် ကြည့်ပါဦး ငါမင်းကိုနောက်ဆုံးတွေ့ခဲ့တဲ့အခေါက်ကထက် အရပ်ပိုရှည်လာတယ်လို့ခံစားရတယ်။ "

ချန်းရှောင်ခိုင်က အသက် ၁၄ နှစ်ရှိနေပြီဖြစ်ကာ ဒီခေတ်ကာလမှာ အရွယ်ရောက်ပြီလို့ သတ်မှတ်လို့ရသည်။

ချန်းရှောင်ခိုင်က ရှက်ရွံ့စွာပြုံးပြီးပြောသည် ။

" အစ်ကိုကြီးက ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ "

လုလင်းလျှောက်လာတဲ့အခါ ချန်းရှောင်ခိုင်က လုလင်းကို နှုတ်ဆက်လိုက်သည်။

လုလင်း ချန်းရှောင်ခိုင်ကိုကြည့်ပြီးနောက် ချန်းရှောင်ခိုင်က အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဟန်ပန်ရှိတယ်လို့ ခံစားရသည်။

ထိုအခါတုန်းက လုလင်းမှာချန်းရှောင်ခိုင်ကလွဲပြီး ယုံကြည်အားကိုးရမယ့်သူမရှိတာကြောင့် အဲ့ဒီနေရာမှာ ဆိုင်ကိုစောင့်ရှောက်ဖို့ ရှောင်ခိုင့်ရဲ့အသက်အရွယ်ကို ဂရုမထားနိုင်ဘဲ မိုးမခမြို့ကိုပို့လိုက်ရသည် ။ အရင်နှစ်‌တွေအတွင်းမှာ ရှောင်ခိုင်ကသူ့ရဲ့လိုအပ်ချက်တွေကို ပိုပိုပြီးဖြည့်လာနိုင်ပုံပေါက်သည် ။ သူက မိုးမခမြို့မှာသူ့ရဲ့လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ထားနိုင်ပြီး အခုဆို မိုးမခမြို့ကသူဌေးကြီးတချို့နဲ့တောင် မိတ်ဆွေတွေဖြစ်နေကြသည်။

" အဖွားရှန်ရော နေကောင်းလား "

အဖွားရှန်က သစ်တောမြို့ကဆိုင်မှာအလုပ်လုပ်နေတာကြာပြီဖြစ်သည် ။သို့ပေမယ့် လုလင်းက ဆိုင်ကအလုပ်သမားတွေဟာ အဖွားရှန်ရဲ့သင်ကြားပေးမှုကြောင့် ကျွမ်းကျင်တဲ့အရည်အချင်းတွေရှိလာပြီဟု ယူဆကာ အဖွားရှန်ကို ရှန်ချီနဲ့ စုပေါင်းနေထိုင်ဖို့အတွက် မိုးမခမြို့ကို ပို့လိုက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now