chapter -99-[ငါ့ရဲ့ဒုတိယအစ်ကိုက အံ့ဩစရာပဲ]

2.8K 316 6
                                    

chapter -99-[ငါ့ရဲ့ဒုတိယအစ်ကိုက အံ့ဩစရာပဲ]

ကျောင်းရွေ့ကိုကြိုဆိုဖို့ လုလင်းက ယွင်နျန့်ကို ဝက်ဗိုက်သားနှပ်(braised dongpo pork) ချက်ခိုင်းလိုက်သည် ။

braised dongpo pork

ဝက်ဗိုက်သားနှပ်က ဟမ်ကျုံး(hangzhou) ရဲ့တရုပ်ရိုးရာအထင်ကရ ဟင်းချက်နည်းဖြစ်ကာ အကျော်ကြားဆုံးပညာရှင် ဆုဒုံးဖေါ (Su Dong Po) က ဖန်တီးခဲ့တာဖြစ်သည် ။ ထိုအရာကို အဆီတစ်ဝက်အသားတစ်ဝက်ရှိတဲ့ဝက်ဗိုက်သားနဲ့ ပြုလုပ်ရတာဖြစ်ပြီး အဝါရောင်ဆန်ဝိုင်ဖြင့် ပြုတ်ချက်ချက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဝက်ဗိုက်သားနှပ်က ဟမ်ကျုံး(hangzhou) ရဲ့တရုပ်ရိုးရာအထင်ကရ ဟင်းချက်နည်းဖြစ်ကာ အကျော်ကြားဆုံးပညာရှင် ဆုဒုံးဖေါ (Su Dong Po) က ဖန်တီးခဲ့တာဖြစ်သည် ။ ထိုအရာကို အဆီတစ်ဝက်အသားတစ်ဝက်ရှိတဲ့ဝက်ဗိုက်သားနဲ့ ပြုလုပ်ရတာဖြစ်ပြီး အဝါရောင်ဆန်ဝိုင်ဖြင့် ပြုတ်ချက်ချက်ရသည်။ အရသာက လူတိုင်းရဲ့ပါးစပ်ကို သားရည်တွေ ပြည့်လျှံကျသွားစေသည် ။

ချန်းချွမ်အာက သူ့သားကိုချစ်တာမို့ ဆိုင်မှာကောင်းကောင်းမွန်မွန်မစားသောက်ရမှာကို တိတ်တဆိတိပူပန်နေသည် ။ လုလင်းက ချန်းချွမ်အာရဲ့စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားဖို့လိုနေပြီလို့ ခံစားရသည်။ 

ကျောင်းရွေ့ရဲ့အဖေက သားသတ်သမားဖြစ်တာမို့ သူတို့က ပွဲတော်ရက်တွေမှာသာအသားစားဖို့တတ်နိုင်တဲ့ ရွာသားတွေလိုမဟုတ်ဘဲ အချိန်တိုင်းအသားစားသောက်နိုင်သည် ။ သို့ပေမယ့် ဝက်ဗိုက်သားနှပ်ရဲ့အရသာက ကျောင်းရွေ့ရဲ့နှလုံးသားကိုအနိုင်ရသွားသည် ။ သူအရင်က ဒီလိုအရသာရှိတဲ့ဟင်းလျာမျိုးကို တစ်ခါမှမစားဖူးတာကြောင့် တစ်ခါတည်း ထမင်းသုံးပန်းကန်စားလိုက်သည်။

ချန်းရှောင်မိုင်က သူပထမဆုံးတွေ့ဖူးတဲ့ဒီဝမ်းကွဲအကြောင်းကို အလွန်သိချင်နေခဲ့သည်။ ဝမ်းကွဲရွေ့က တစ်နပ်ကိုထမင်းသုံးပန်းကန်တောင်စားနိုင်ကြောင်း တွေ့တာမို့ အံ့ဩသွားပြီး မထိန်းနိုင်စွာပင် ဝမ်းကွဲရွေ့အတွက် လက်ခုပ်တီးပေးမိသည်။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now