chapter -63-[အလုပ်အငမ်းမရလိုချင်နေတဲ့သူက ဘယ်သူလဲ ]
လုမိသားစုက လုလင်းကိုမနာလိုဖြစ်နေကြသလို ချန်းမိသားစုက ပိုလို့တောင်ဆိုးရွားသည် ။
" ရှို့ရန် ၊ အလုပ်ရှာတွေ့ပြီလား ။ "
အဖွားချန်းက ချန်းရှို့ရန် အိမ်ထဲဝင်လာတာကိုတွေ့တာနဲ့အလျင်စလို မေးမြန်းလိုက်သည်။
ချန်းရှို့ရန် သူ့ခေါင်းကိုခါယမ်းပြီး ရှက်ကိုးရှက်ကန်း နဲ့ပြောလိုက်သည် ။
" မတွေ့သေးဘူး ။ "
အဖွားချန်းက လုအန်း မြို့မှာအလုပ်ရတဲ့အပေါ် အရမ်းအားကျနေကာ သူ့ရဲ့သားကိုလည်း မြို့မှာတူညီတဲ့အလုပ်ရစေချင်သည်။ ဒါမှသာ မျက်နှာမငယ်ရမှာဖြစ်သည် ။ မြို့မှာအလုပ်တစ်ခုရှိခြင်းက မိုးခေါင်ခြင်းတို့ ရေကြီးခြင်းတို့ဖြစ်လာသော်ငြား ပုံသေဝင်ငွေရရှိနေမှာဖြစ်သည် ။
လုအန်းက လုမိသားစုရဲ့ အကူအညီကြောင့်သာ ဒီအလုပ်ကိုရနေတာဖြစ်သည် ။ အဖွားချန်းက မနာလိုဖြစ်နေသော်လည်း သူမဘာမှမလုပ်နိုင်ပေ ။ သို့သော် လုလင်းနဲ့ချန်းရှောင်မီကတော့ မတူညီတာကြောင့် အလုပ်ကောင်းကောင်းရဖို့ထိုက်တန်တယ်လို့ သူမမထင်ပေ ။
အဖွားချန်းက ချန်းရှောင်မီကိုသေဖို့ပဲတန်တဲ့ တိရစ္ဆာန်ကောင်လို့ အမြဲတွေးမှတ်ထားတာဖြစ်သည်။ သို့ရာတွင် လုလင်းနဲ့ ချန်းရှောင်မီက မြို့မှာ လခ ကောင်းတဲ့အလုပ်ကိုတောင် ရှာတွေ့ခဲ့သည် ။
လွန်ခဲ့သော ရက်အနည်းငယ်က ချန်းရှို့ရန် အဖွားချန်းဆီကနေ ငွေပြားအနည်းငယ်တောင်းယူခဲ့သည်။ သူက မြို့မှာအလုပ်ရှာကြတဲ့လူတချို့က လာဘ်ထိုးကြတယ်လို့ ပြောသည် ။
အဖွားချန်းက သူ့သားကိုပိုက်ဆံတွေပေးလိုက်ဖို့အင်တင်တင်ဖြစ်နေတာတောင်မှ ချန်းရှို့ရန်သာ မြို့မှာအလုပ်ရခဲ့ရင် အနာဂတ်မှာသူတို့မိသားစုရဲ့ ပင်တိုင်ဝင်ငွေ ရလာမည်လို့တွေးတောကာ ပေးလိုက်သည်။ သူမကနောက်ဆုံးတွင် ချန်းရှို့ရန်ကို ငွေပေးလိုက်သော်ငြား သူက ငွေတွေသုံးစွဲလာပေမယ့် သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့ပေ ။
![](https://img.wattpad.com/cover/333345783-288-k144746.jpg)
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...