chapter -108 -[ပြသနာက တံခါးလာခေါက်ပြီ]

2K 258 0
                                    

chapter -108 -[ပြသနာက တံခါးလာခေါက်ပြီ]

မျိုးနွယ်စုခေါင်းဆောင်ချန်း‌ဒင်းက ရွာသားတွေရဲ့ တိုင်ကြားချက်ကို သုန်မှုန်နေတဲ့မျက်နှာဖြင့်နားထောင်နေသည်။

ချန်းရှောင်မီက စီနိုစီးပွားရေးအိမ်ရဲ့ပိုင်ရှင်မှန်းသိပြီးနောက် ရွာသားများစွာကသူ့အိမ်ကိုရောက်လာပြီး ချန်းရှောင်မီနဲ့ သူတို့ရဲ့ဆက်ဆံရေးကိုပြန်လည်ပြင်ဆင်နိုင်တဲ့နည်းလမ်းကိုရှာဖွေဖို့ ကြိုးစားလာကြသည်။ ပြီးခဲ့တဲ့နှစ်တွေက စီနိုစီးပွားရေးအိမ်မှာ ငွေများစွာရှာနိုင်ခဲ့သည် ။

ချန်းရှောင်မီက အခုဆိုချမ်းသာနေပြီ။ သူတို့က သူ့ရဲ့တက်လမ်းအပေါ်အလိုက်သင့်ခံစားရဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ဒီအချိန်မှာအရေးကြီးတဲ့အချက်က ချန်းရှောင်မီနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ ဖြစ်သည်။

ချန်းဒင်းရွာသားတွေဆီက ဗလုံးဗထွေးစကားတွေကို နားထောင်ပြီးနောက် သူ့စိတ်ထဲမှာ ခံစားချက်မျိုးစုံပေါက်ဖွားလာသည်။

အရင်တုန်းက သူဟာအဖိုးချန်းနဲ့အဖွားချန်းဘက်မှာ ရပ်ပြီး ခိုင်မာတဲ့သဘောထားနဲ့ ချန်းရှောင်မီကို ချန်းကျင်းရဲ့အကြွေးတစ်စိတ်တစ်ပိုင်းကာမိဖို့ တောင်းခဲ့သည်။ ချန်းရှောင်မီက သူ့ကိုမုန်းတီးနေပေလိမ့်မည် ။

သူက ရွာသားတွေကိုကူညီဖို့အတွက် ချန်းရှောင်မီကိုစည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိပေ ။ ချန်းရှောင်မီနဲ့ သူ့ညီအစ်ကိုတွေ အဖွားချန်းရဲ့နှိပ်စက်မှုကိုခံနေရတဲ့အချိန်မှာ ချန်းမျိုးနွယ်စုများအပါအဝင် ဘယ်သူကမှ ဘာမျှ ဝင်မပြောပေးကြပေ။

ချန်းရှောင်မီနဲ့ သူ့ညီငယ်နှစ်ယောက် ဂူတစ်ဂူထဲမှာ နေထိုင်ခဲ့ကြရတဲ့အချိန်တုန်းကလဲ ဘယ်သူကမှ လက်မကမ်းပေးခဲ့ကြချေ ။

သူတို့ကိုထွက်သွားဖို့ မပြောမခြင်းရွာသားတွေက ချန်းဒင်းရဲ့အိမ်ကနေ မထွက်ခွာခဲ့ပေ ။

" ယန်း ငါ့သားရေ အဖေ ဒီပြသနာကို ဘယ်လိုဖြေရှင်းရပါ့မလဲ ။ "

ချန်းဒင်းက မချင့်မရဲပြောသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now