အခန်း(၂၁) ဆရာ့ကို စစ်ခိုင်းလိုက်

2.9K 284 0
                                    

အခန်း(၂၁) ဆရာ့ကို စစ်ခိုင်းလိုက်

သင်ကြားရေးခေါင်းဆောင် အတော်လေး စိတ်ရှုပ်သွားသည့်ပုံပင်။ ဘာလို့ ဒီလို သကြားလုံးမျိုးကိုမှ ကျောင်းယူလာရတာလဲ။ ရည်ရွယ်ချက်ရှိရှိ ရန်ထောင်ဖို့ ဒါမှမဟုတ် ပြဿနာရှာဖို့ဆိုတာ ရှင်းနေတာပဲ! ကျမ့်ယိလင်က တကယ်စိတ်ဓာတ်မကောင်းတဲ့ ကျောင်းသူပဲ!

အချိန်အတော်ကြာမှ သင်ကြားရေးခေါင်းဆောင်ကြီး အံကြိတ်ကာ ပြောလိုက်သည်။ "နားလည်မှုလွဲတာ ဆိုတော့ အကုန်လုံး လူစုခွဲကြတော့။ အတန်းခေါင်းဆောင် ဘယ်ရောက်နေလဲကွ။ မနက်ခင်း စာဖတ်ချိန် မြန်မြန်စလိုက်စမ်း!"

လူစုခွဲရုံကလွဲလို့ တခြား ဘာမှ လုပ်လို့ မရပါ။

ကျောင်းသားတွေကို သကြားလုံးယူလာခွင့် မပေးသည့် စည်းမျဉ်းမျိုးတော့ ရှန်းဟွာ အထက်တန်းကျောင်းမှာ မရှိပေ။

သင်ကြားရေးခေါင်းဆောင်ကြီး ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ကျမ့်ယိလင် ပြောစရာ ရှိပါသေးသည်

"ပြီးတော့ သမီးစာအုပ်တွေကို စာသင်ခန်းနောက်မှာ တစ်ယောက်ယောက် လွှင့်ပစ်ထားတယ်"

ကျမ့်ယိလင်၏ လေသံက ပေါ့ပါးပြီး စကားပြောတာ နှေးကွေးသည်။ ထို့ကြောင့် တိုင်ကြားတာမျိုးနဲ့မတူပဲ အမှန်တရားတစ်ခုကို ပြောပြနေသလိုသာ ဖြစ်နေပါသည်။

သူမပြောတာကို ကြားသောအခါ သင်ကြားရေး ခေါင်းဆောင်က စာသင်ခန်းနောက်ဘက်မှာ ပြန့်ကျဲနေသည့် စာအုပ်များကို လှည့်ကြည့်လိုက်ပါသည်။ ဒီကိစ္စကို သူ မရှင်းချင်ပါ။ သို့သော်လည်း လျစ်လျူရှုလို့ မရပေ။

မဟုတ်ပါက တစ်တန်းလုံးရှေ့မှာ တာဝန် မကျေပွန်ရာကျသွားပါလိမ့်မည်။

သူသာ ဒီနေ့ ဒီထဲဝင်မလာခဲ့လျှင် မကြည့်ဖို့ ရွေးချယ်နိုင်သည်။ သို့သော်လည်း ဒီကိစ္စက သူ့မျက်စိရှေ့တည့်တည့်မှာ ဖြစ်ပျက်နေတာကြောင့် လှည့်ထွက်သွားပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်လို့တော့ မရတော့ပါ။

ဘာပဲဖြစ်ဖြစ် အတန်းဖော်တစ်ယောက်ရဲ့ စာအုပ်တွေကို လွှင့်ပစ်ခြင်းက လုပ်ရပ်ကောင်း မဟုတ်ပေ။ ဒီလိုဖြစ်ရပ်မျိုးက ရှန်းဟွာအထက်တန်းကျောင်းလို စည်းကမ်း တင်းကြပ်တဲ့ ကျောင်းမျိုးမှာ မဖြစ်သင့်ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now