အခန်း(၉၉) အဘိုးကျမ့်နဲ့ ကျမ့်ရှုရှင်းတို့ရဲ့ စကားဝိုင်း
အကင်လုပ်စားဖို့ အားလုံး အလုပ်ရှုပ်နေစဉ် ကျမ့်ရှုရှင်းက သစ်ခွပန်း ဖန်လုံအိမ်ဆီသွားခဲ့ပြီး အဘိုးကျမ့်ကို သွားတွေ့ခဲ့ပါသည်။
"ဘာဖြစ်လို့လဲ"
သူ့သား မျက်မှောင်ကြုတ်နေတာကို မြင်လိုက်တာနဲ့ တစ်ခုခုဖြစ်နေပြီဆိုတာ အဘိုးကျမ့် သိလိုက်ပါသည်။
"ကျွန်တော် အဖေ့ကို အကူအညီတောင်းချင််လို့"
"ငါတို့က မိသားစုတွေပဲ။ အကူအညီ တောင်းတယ်လို့ မပြောပါနဲ့။ တစ်ခုခုဖြစ်နေရင် ငါ့ကိုပြော။ ငါပင်စင်ယူထားတယ်ဆိုပေမယ့် ငါ့မိသားစုကိစ္စတွေကိုတော့ ဂရုစိုက်တုန်းပဲ"
"ဒီလိုပါ... ကျွန်တော်တို့ ယွင်နော်ရဲ့ အော်ပရေးရှင်းကို လုပ်ပေးဖို့ တစ်ယောက်ယောက်ကို ရှာတွေ့ထားတယ်။ ဒါပေမယ့် တဖက်လူက ကျွန်တော်တို့ကို စောင့်ခိုင်းနေတယ်။ ဆင်ခြေတစ်ခုသက်သက်ပဲ ဖြစ်နေမှာ ကျွန်တော်တို့ စိတ်ပူလို့ပါ..."
တမြန်နေ့တုန်းက တဖက်လူထံမှ သူတို့ ပြန်စာ တစ်ခုကို ရရှိခဲ့သည်။
တဖက်လူက အော်ပရေးရှင်ကို ငြင်းလည်း မငြင်းဆန် လက်လည်း မခံသေးပါ။ သူတို့ကို စောင့်သာ စောင့်ခိုင်းထား၏။
ဘယ်ချိန်ထိ စောင့်ရမှာလဲ
ယွင်နော် မြန်မြန်ခွဲစိတ်ကုသမှု ခံယူလေလေ သူ့လက် ပြန်ကောင်းနိုင်ချေ ပိုမြင့်လေလေ ဖြစ်ပါသည်။
အဘိုးကျမ့်က ခေါင်းငြိမ့်လိုက်သည်။ "သဘောပေါက်ပြီ။ ငါ့မိတ်ဆွေကို အကူအညီ တောင်းကြည့်လိုက်မယ်"
အဘိုးကျမ့်လည်း ဒီကိစ္စကို စိတ်ပူမိပါသည်။
ဒီကိစ္စက မိသားစုနဲ့ သက်ဆိုင်နေသည်။
"ကျေးဇူးအများကြီး တင်ပါတယ် အဖေရာ!"
"အဲ့ကိစ္စတွေအတွက် ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ပြီးတော့ ဒီနား ပတ်ဝန်းကျင် ခရိုင်တွေမှာ မင်းတစ်ခုခုလိုက်စုံစမ်းနေတယ်လို့ ငါကြားတယ်နော်။ ဘာတွေ စုံစမ်းနေတာလဲ"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...