အခန်း(၂၀၀) ကျမ့်ယိလင်ကို ဆရာရှန်းကျောင်းလာကြိုခြင်း

2.5K 159 3
                                    

"မစ္စတာချင်း၊ ခေါင်းဆောင်ချင်းရဲ့ အချစ်ဦးနဲ့ သူ့ကလေးကို ရှာဖို့အတွက် ဒီကို လာခဲ့တာ မဟုတ်လား။ ကျမ့်ယိလင်ကတော့ ခေါင်းဆောင်ချင်းရဲ့ကလေး ဖြစ်မယ့်ပုံမပေါ်ဘူးနော်" လက်ထောက်က အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။

ချင်းရှစ်ရွှမ်က မြို့တော်ထဲရှိ ချင်းမိသားစုရဲ့ သွေးနီးဆွေမျိုး တစ်ယောက်ဖြစ်သည်။ သူက လက်ရှိ ချင်းမိသားစုဦးစီးနဲ့ ဝမ်းကွဲတော်စပ်သည်။

ချင်းမိသားစုရဲ့ မျိုးဆက်ရင်းချာမဟုတ်သော်လည်း ဟန်းယွမ်မြို့ကလူတွေရဲ့ လေးစားမှုကို ခံရပါသည်။

ချင်းရှစ်ရွှမ်က ဟန်းယွမ်မြို့ကို ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲကျင်းပဖို့ လာခဲ့တာဖြစ်သော်လည်း သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ဒါမဟုတ်ပါ။ သူ့အဓိက ရည်ရွယ်ချက်က သူ့ဝမ်းကွဲရဲ့ အချစ်ဦးနဲ့ တရားမဝင်သားဖြစ်သူကို လာရှာပေးခြင်းဖြစ်သည်။

သို့သော်လည်း ဒါက ပေါက်ကြားသင့်တဲ့ကိစ္စမဟုတ်ပေ။ ထို့ကြောင့် ထိုသားအမိကို လျှို့ဝှက်စွာသာ ရှာဖွေနေခဲ့ရပါသည်။

ချင်းရှစ်ရွှမ်က ထပ်ပြောလိုက်၏။ "အေး၊ ဟုတ်ပါတယ်။ ဒါပေမယ့် ကျမ့်ယိလင်က တော်တော်ပါရမီရှိတယ်။ ပြီးတော့ ဟိုနှစ်ယောက်ရဲ့ သတင်းကိုလည်း ဘာမှမကြားရသေးဘူး။ ငါတို့ဟန်းယွမ်မြို့မှာ ခဏလောက် အခြေချရမယ်ဆိုရင် ငါတို့အဖွဲ့အစည်းထဲ ဖိတ်ခေါ်ဖို့ ပါရမီရှင်တချို့ လိုက်ရှာထားတာ ကောင်းတယ်"

"သြော်၊ မစ္စတာချင်းပြောတာ မှန်တာပေါ့"

"အဲ့ဒီလိပ်စာကို ခေါင်းဆောင်ချင်း လွှတ်လိုက်တဲ့လူ ပြန်လာပြီလား"

"ဟုတ်ကဲ့ ပြန်လာပါပြီ။ ဒါပေမယ့် အဲ့ဒီနေရာမှာ နေတဲ့လူက ပြောင်းသွားပြီ။ အဲ့မှာနေခဲ့တဲ့ အမျိုးသမီးရဲ့နာမည်ကို ဘယ်သူမှ မမှတ်မိကြဘူး။ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ကို မသဲမကွဲမှတ်မိတယ်လို့ အဘွားအိုတစ်ယောက်ပဲ ပြောခဲ့တယ်။ သူကိုယ်ဝန်ရှိနေခဲ့တာတော့ အမှန်ပဲဖြစ်မယ်"

ချင်းရှစ်ရွှမ် ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလိုက်ပါသည်။ "သြော် ဟုတ်လား။ ပြီးတော့ ကျိုက်မိသားစုရဲ့ သခင်လေးလည်း ဟန်းယွမ်မြို့ကို ရောက်နေတယ်ဆို"

You've reached the end of published parts.

⏰ Last updated: Aug 02 ⏰

Add this story to your Library to get notified about new parts!

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now