အခန်း(၁၄၀) ယိလင်ရဲ့ မိတ်ဆွေများ (၂)

1.8K 157 0
                                    


ချန်းယွီလည်း ပြုံးကာ ပြန်ပြောလိုက်ပါသည်။ "ဟယ်လို"

ကျမ့်ရှုရှင်း ဆက်ပြောလိုက်၏။ "လာမယ့် ရက်ပိုင်းအတွင်း ကျွန်တော့်သားကို ခင်ဗျားတို့ရဲ့ အဖွဲ့အစည်း လူနာဆောင်ထဲ ပြောင်းရွှေ့ရတော့မှာ မဟုတ်လား။ ဒီလိုတွေ့ရတဲ့ အခွင့်အရေးကိုယူပြီး ခင်ဗျားတို့ ဝန်ထမ်းတွေရဲ့ ကြိုးစားမှုအတွက် ကြိုတင် ကျေးဇူးတင်ပါရစေဗျာ"

"ခင်ဗျားရဲ့သား ဟုတ်လား" ဒါဆို ယိလင်လေးရဲ့ အစ်ကိုလို့ ပြောချင်တာလား။

"ဟုတ်တယ်။ အခုတံခါးနားမှာ ရပ်နေတဲ့သူလေ" ကျမ့်ရှုရှင်း ပြန်ပြောလိုက်၏။

ချန်းယွီလည်း တံခါးနားကို လှမ်းကြည့်လိုက်ပါသည်။ ကျမ့်ယွင်နော် တံခါးနားတွင် ရပ်နေပြီး သူ့မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေပါသည်။

ရုတ်တရက် ချန်းယွီတစ်ခုခုကို သတိရသွားသည့်ပုံပင်။ ထို့နောက် ပြုံးကာ ပြောလိုက်၏။

"ဒီနေ့ အစ်မအန်းနဲ့ ကျွန်တော်တို့ အလုပ်ကိစ္စကြောင့် လာခဲ့တာ မဟုတ််ပါဘူး။၊ သခင်လေးယွင်နော်ရဲ့ ကိစ္စကို ကျွန်တော်တို့အဖွဲ့အစည်းထဲက သက်ဆိုင်ရာ ဝန်ထမ်းတွေက တာဝန်ဆက်ယူပေးပါလိမ့်မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ မိတ်ဆွေကို လာတွေ့ရုံပါပဲဗျာ"

သူတို့ မိတ်ဆွေဆိုတာ ကျမ့်ယိလင်ပင်။

နောက်တစ်ဖန် ဒီနေ့လာရောက်ရခြင်း အကြောင်းအရင်းကို ချန်းယွီ ထပ်ပြောလိုက်သည်။ အကြောင်းအရင်းက ကျမ့်ယိလင်ကြောင့် ဖြစ်ပါသည်။

အားလုံးရဲ့ မျက်လုံးတွေလည်း ကျမ့်ယိလင်လေးပေါ် ထပ်မံကျရောက်သွားသည်။

ကျမ့်ယိလင်ရဲ့ မျက်နှာပေါ်မှာတော့ ခံစားချက် များများစားစား မရှိပေ။ တကယ်တော့ အခန်းထဲက တခြားသူတိုင်းထက် ပိုပြီး တည်ငြိမ်နေပါသေးသည်။

သူမမျက်နှာက ဖြူရော်နေပြီး ငယ်ရွယ်သည်။ သူမရဲ့ မျက်လုံးကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေး မကောင်းမှန်း ပြောနိုင်ပါသည်။ လောင်ရွှေအန်းက ကျမ့်ယိလင်လေးရဲ့ ပါးစပ်ထဲသို့ ပူရှိန်းအရသာ စုပ်လုံးထည့်ပေးလိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now