ဒီ Music Box လေးက သူ့အမေအတွက် ထူခြားပါသည်။
ဒီနေရာမှာရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သူမှတ်မိတာသာ မမှားပါက ဆုံးပါးသွားပြီဖြစ်သည့် သူ့အဘိုးထံမှ လက်ဆောင်လေးဖြစ်သည်။ သူဆုံးပါးမသွားခင် ဟဲယန်ကို ပေးခဲ့တာ ဖြစ်သည်။
Music Box လေးနဲ့ ကစားနေတုန်း အကန့်ငယ်လေးတစ်ခုကို ကျမ့်ယုကျဲ ဖွင့်မိသွား၏။ Music Box ထဲမှ USB drive လေးတစ်ခု ထွက်ကျလာလေသည်။
ကျမ့်ယုကျဲ စိတ်ဝင်တစား USB လေးကို ကောက်လိုက်၏။
USB ထဲမှာ ဘာတွေပါသလဲ ကျမ့်ယုကျဲ စိတ်ဝင်စားသဖြင့် သူ့ဘေးရှိ လက်ပ်တော့ နောက်တစ်လုံးတွင် တပ်ကြည့်လိုက်ပါသည်။
USB ကိုဖွင့်ကြည့်သောအခါ အထဲမှာ ဗီဒီယိုတစ်ပုဒ်ပဲရှိတာကို သတိထားမိသွား၏။
သို့သော်လည်း ဗီဒီယိုအကြောင်းအရာကို မြင်သောအခါ ကျမ့်ယုကျဲ တုန်လှုပ်သွားရသည်။
ဗီဒီယီုထဲမှာ ပါလာသူတွေက ကျမ့်ယိလင်နဲ့ ကျမ့်ယွင်နော်တို့ဖြစ်သည်။
သူတို့ လှေကားထစ်ထိပ်မှာ ရန်ဖြစ်နေကြ၏။ မဟုတ်မှ လွဲရော...
မကြာမီ လုံခြုံရေးဗီဒီယိုက ကျမ့်ယွင်နော် လှေကားပေါ်က ပြုတ်ကျသွားသည့် အပိုင်းကို ရောက်လာခဲ့သည်။
ဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ကျမ့်ယွင်နော် သူ့ဖာသာသူ လှေကားပေါ်က ပြုတ်ကျသွားတာဖြစ်မှန်း ကျမ့်ယုကျဲ ရှင်းရှင်းလင်းလင်းကြီး မြင်နေရပါသည်။ ကျမ့်ယိလင်လေး သူ့ကို ဆွဲတင်ဖို့ ကြိုးစားသော်လည်း အချိန်မှီ မဆွဲလိုက်နိုင်ပေ။
ကျမ့်ယုကျဲ အလွန် ရှော့ခ်ရသွားသည်။ ကွန်ပျူတာဖန်သားပြင်ကိုသာ စိုက်ကြည့်နေမိပြီး ဘာလုပ်ရမှန်း မသိတော့ပါ။
"နင်ဘာလုပ်နေတာလဲ"
သူမသား ဘာတွေလုပ်နေသလဲ ကြည့်ဖို့ ဟဲယန် ရောက်လာခဲ့သည်။ သူမဖွက်ထားတဲ့ လုံခြုံရေးမှတ်တမ်းဗီဒီယိုကို ကျမ့်ယုကျဲ ကြည့်နေတာဖြစ်မှန်း မြင်လိုက်ရသည့်အခါ အမြန်ပြေးသွားပြီး ကွန်ပျူတာထဲမှ USB ကိုချက်ချင်း ဆွဲဖြုတ်လိုက်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...