အခန်း(၁၉၂) ယိလင်လေးကို အိမ်ပြန်ခေါ်ချင်တယ် (၁)

1.4K 123 0
                                    


ကျမ့်ယွင်နော်ရဲ့ အဖြေကိုကြားပြီးနောက် သူ့ဖုန်းကို ကျမ့်ယွင်ချန်း ယူလိုက်ပြီး မိုရှစ်ယွင်အား မက်ဆေ့ ပြန်ပို့ခဲ့ပါသည်။

[အလိုလိုက်ပြီး အမှားနဲ့အမှန်အကြား စည်းတစ်ခု ရှိတယ်ဆိုတာ ဘာကိုပြောတာလဲ။ ဘာတွေ ဖြစ်ခဲ့လို့လဲ]

သူမကို စာပြန်လိုက်တဲ့လူက ကျမ့်ယွင်ချန်း ဖြစ်မှန်း မိုရှစ်ယွင်မသိပါ။ ကျမ့်ယွင်နော်ဟုသာ ထင်နေဆဲ ဖြစ်ပါသည်။

မက်ဆေ့ကို မြင်တော့ မိုရှစ်ယွင် စက္ကန့်ပိုင်းလောက် ဇဝေဇဝါဖြစ်သွားသည်။

ခါတိုင်းဆို သူမမက်ဆေ့ရဲ့ အဓိပ္ပာယ်ကို ကျမ့်ယွင်နော်က နားလည်တတ်သူဖြစ်သည်။ သို့သော်လည်း ဒီနေ့ကျမှ သူမကို ထပ်ရှင်းပြခိုင်းနေပါသည်။

မိုရှစ်ယွင် ခေတ္တတိတ်ဆိတ်သွားကာ ပြန်ဖြေလိုက်ပါသည်။

[ဘာရယ်လို့ မဟုတ်ပါဘူး။ နင်သက်သာရဲ့လား]

မိုရှစ်ယွင်ပို့လိုက်တဲ့ မက်ဆေ့ကိုမြင်တော့ ကျမ့်ယွင်ချန်း လှောင်ပြောင်တဲ့ မျက်နှာထားမျိုး ပေါ်လာခဲ့ပါသည်။

စကားတစ်ခုခုကို တစ်ဝက်တစ်ပျက်သာ ပြောရဲသည်။ အခုသူမကိို ရှင်းပြခိုင်းတော့မှ ရှင်းပြရမှာ ကြောက်နေပါသည်။

မိုရှစ်ယွင်အား ကျမ့်ယွင်နော်ကို စာပြန်ခိုင်းဖို့ ကျမ့်ယွင်ချန်း ဆုံးဖြတ်လိုက်ပါသည်။

ကျမ့်ယွင်နော်ရဲ့ မျက်နှာက အနည်းငယ်ခါးသီး၊ နာကျင်နေရပါသည်။ တစ်ချိန်တည်းမှာပင် ကိုယ့်ကိုယ်ကို လှောင်ရယ်နေမိတဲ့ ပုံစံလည်းပေါ်သည်။

လွန်ခဲ့တဲ့လပိုင်းအတွင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာ အရေးမကြီးပါ။ တစ်ချိန်တုန်းက ဒီကောင်မလေးမှာ သူယုံကြည်လေးစားခဲ့ရသူဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးတွေ အမြင်ကန်းနေခဲ့တာလား။

ကျမ့်ယွင်နော် စာပြန်လိုက်သည်။

[သက်သာပါတယ်]

ပြန်စာက ရိုးရှင်းပြီး စကားလုံးအနည်းငယ်သာ ပါသည်။

ကျမ့်ယွင်နော်ရဲ့ မက်ဆေ့ကိုမြင်တော့ မိုရှစ်ယွင် စကားဝိုင်းဘယ်လိုဆက်ရမလဲ မသိတော့ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now