အခန်း(၁၉၉) ကိုယ့်ဖာသာကိုယ် နည်းလမ်းရှာလိုက်

1.5K 125 0
                                    


"ဒါပေမယ့်သခင်မ! လုံခြုံရေးဗီဒီယို ထွက်လာရင် ကျွန်မလိမ်ထားမှန်း သူတို့အားလုံး သိသွားမှာပေါ့!"

"ရှင်က ကျမ့်ယွင်ချန်းနဲ့ တခြားသူတွေရှေ့မှာ ဘာမှမပြောခဲ့ဘူးမဟုတ်လား။ ကျမ့်ယွင်နော်ကိုပဲ သူ့ကိုကျမ့်ယိလင် တွန်းချလိုက်တာလို့ ပြောခဲ့တာ မလား"

အရေးကြုံလာလျှင် ဟဲယန်က သူမအတွက်သာသူမ ဂရုစိုက်သူဖြစ်သည်။ ဒေါ်လေးမိုကို စတေးလိုက်ရလည်း သူမအတွက် ဘာမှအရေးမကြီးပါ။ ထို့အပြင် ဘာပဲဖြစ်ဖြစ် သူမလည်း ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပေ။

"ဒါပေမယ့် သခင်လေးယွင်နော် အဖြစ်မှန်ကိုကြားရင် သူများတွေကို ပြန်ပြောပြမှာပေါ့!"

"အင်း အဲ့တာတော့ သူ့အပေါ်မှာပဲ မူတည်တယ်လေ။ ရှင်ပြောတာ ယုံမလား မယုံဘူးလား သူ့ဖာသာသူ ရွေးချယ်ခွင့် ရှိိတယ်။ ပြီးတော့ ရှင့်ကိုမေးလာရင် ဆင်ခြေပေးလိုက်ပေါ့။ ကိုယ့်ဖာသာကို နည်းလမ်းရှာစမ်းပါ။ ရှင့်ကို ပိုက်ဆံ အလကားပေးထားတာ မဟုတ်ဘူး။ ပြီးတော့ ရှင့်ရဲ့လှလှပပ သမီးလေးကို ကျမ့်ယွင်နော်ကို သွားမြူဆွယ်ခိုင်းလို့ မရဘူးလား။ ရှင်ပြောတာ ကျမ့်ယွင်နော်က သူ့ကို သဲသဲလှုပ်နေတာဆို။ ကိုယ့်ဖာသာကိုယ် ကယ်ဖို့ နည်းလမ်း ရှာမရရင် ရှင့်သမီးကို အကူအညီတောင်းလိုက်"

"မဟုတ်တာ။ ဒီကိစ္စထဲ ကျွန်မသမီးကို ကျိန်းသေပေါက် ဆွဲထည့်မှာ မဟုတ်ဘူး။ ရှင်လုပ်ခိုင်းတာ မှန်သမျှ လုပ်နိုင်တယ်။ ဒါပေမယ့် ကျွန်မသမီးကို ဆွဲမထည့်နိုင်ဘူး!"

"လုပ်ချင်တာသာလုပ်။ ရှင်လုပ်ချင်တာသာလုပ်လိုက်။ ဒါပေမယ့် ကျွန်မကိုလည်းဆွဲမထည့်နဲ့နော်။ မဟုတ်ရင် ရှင့်သမီးရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်လိုက်မယ်"

ဟဲယန်က ဒေါ်လေးမို အမှန်တိုင်းဖွင့်ချမှာ စိတ်မပူပါ။ မိုရှစ်ယွင်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်ဖို့ ဆွဲကိုင်ထားသည်။ ဒေါ်လေးမိုရဲ့ သွားတွေကို ရိုက်ချိုးမယ်ဆိုရင်တောင် သွေးတွေမျိုချပြီး အမှန်တရားကိုတော့ ပြောမှာမဟုတ်ပါ။

"သခင်မ။ ကျေးဇူးပြုပြီး အနည်းဆုံးတော့ Campus Forum ပေါ်က ဗီဒီယီုကို ဖျက်ပေးလို့မရဘူးလား" ဒေါ်လေးမို တောင်းပန်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now