လောလောဆယ် ဗီဒီယိုကို ရပ်ထားသည်။ ဗီဒီယို ပွင့်လာဖို့ တစ်ယောက်ယောက်က ခလုတ်နှိပ်ရပါမည်။
သို့သော်လည်း ရပ်ထားတဲ့ ဗီဒီယိုမှာ ကျမ့်ယိလင်နဲ့ ကျမ့်ယွင်နော်တို့ရဲ့ ပုံရိပ် ပေါ်နေသည်။ သူတို့ စကားများ ခိုက်ရန်ဖြစ်ပွားနေကြပုံပင်။
ဒါက ဟဲယွင်ရှန်းအပန်းဖြေဟိုတယ်မှ ပျောက်ဆုံးသွားတဲ့ လုံခြုံရေးဗီဒီယိုပင်။
ကျမ့်မိသားစု သူတို့ မျက်လုံးကို မယုံနိုင်တော့ပေ။ သူတို့ အသည်းအသန်ရှာဖွေနေခဲ့ရသည့် ပျောက်ဆုံးနေတဲ့ ဗီဒီယိုက သူတို့ရှေ့မှာ ပေါ်လာခဲ့ပါသည်။
အပန်းဖြေဟိုတယ်ရဲ့ လုံခြုံရေးမှတ်တမ်း တာဝန်ရှိသူကပါ ပျောက်ဆုံးနေတဲ့ ဗီဒီယိုနဲ့အတူ ရောက်ရှိလာခဲ့ပါသည်။
အမှန်တရား သူတို့ရှေ့မှာ ရောက်နေပါပြီ။ သူတို့ လုပ်ဖို့လိုတာဆိုလို့ Play ခလုတ်ကို နှိပ်လိုက်ဖို့သာ လိုသည်။ ထို့နောက် အမှန်တရား ပေါ်လာတော့မည်။
ကျမ့်ရှုရှင်း လက်ချောင်းတွေ တုန်ယင်လျက် ခလုတ်ကို လှမ်းနှိပ်လိုက်ပါသည်။
ဝမ်းနွမ်နဲ့ ကျမ့်ယွင်ချန်းတို့က သူ့နောက်မှာ ရပ်နေကြသည်။ သူတို့ရဲ့ အကြည့်တွေလည်း ဖန်းသာပြင်ပေါ် ပုံသေ ကျရောက်နေကြသည်...
ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မြင်ကွင်းတွေ ပေါ်လာခဲ့သည်...
မြင်ကွင်းတွေက ရန်ပွဲမှစလို့ အစ်ကိုဖြစ်သူကို မကယ်တင်နိုင်ခဲ့သည့်အတွက် ထုံထိုင်း ကြောက်ရွံ့စွာ ကြမ်းပြင်ပေါ်မှာ ငိုကြွေးနေခဲ့တဲ့ ကောင်မလေးအထိ ပါဝင်နေသည်။
သူမ ကြောက်ရွံ့နေ၏။
ဖန်ကွဲစတွေအပေါ် လဲကျသွားတဲ့ သူမအစ်ကိုရဲ့ ခန္ဓာကိုယ်ကိုသာ ကြည့်နေနိုင်သည်။ သူမ ဘာလုပ်ရမှန်း မသိတော့ပါ။ သူမ အလွန် ချောက်ချားကာ ခိုကိုးရာ မဲ့နေပါသည်။
သူမ အပြစ်ရှိသည်။ ဒီလိုအန္တရာယ်များတဲ့ နေရာမျိုးမှာ စကားများရန်ဖြစ်ဖို့ သူမအစ်ကိုကို ဆွဲခေါ်မလာသင့်ပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...