"အထက်တန်း ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲလား။ ဆုကြေးငွေက ဘယ်လောက်လဲ"
အရင်တုန်းကလည်း အထက်တန်းဓာတုဗေဒ ပြိုင်ပွဲတစ်ခုမှာ မိုရှစ်ယွင်ပါဝင်ဖူးပါသည်။ ဟန်းယွမ်မြို့မှာ သတိထားမိစရာ ဆုတစ်ခုကို ရခဲ့သည်။
"ဒီတစ်ခေါက် ဆုကြေးငွေက တော်တော်မြင့်တာ။ အရမ်းကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုက ကျင်းပပေးတာတဲ့။ သာမန်ပြိုင်ပွဲတစ်ခုထက် ဆုကြေးငွေက အများကြီး ပိုမြင့်တယ်။ ပထမဆု ရတဲ့လူက ၂၀၀,၀၀၀ ဒေါ်လာ ရမယ်လို့ ကြားတယ်! ဒုတိယဆုက ၁၀၀,၀၀၀၊ တတိယဆုက ၆၀,၀၀၀ တဲ့! စတုတ္ထဆုကနေ ဒဿမဆုအထိက ၃၀,၀၀၀ ဒေါ်လာစီ ရကြမှာ"
အတော်လေး ဆွဲဆောင်မှုရှိသည့် ဆုကြေးငွေများပင်။
ယခင် မိုရှစ်ယွင်ဝင်ပြိုင်ဖူးသည့် ပြိုင်ပွဲအားလုံး၏ ဆုကြေးငွေများက ဒီ့ထက် ပိုနိမ့်ပါသည်။
သူမ ထိပ်ဆုံး ၃ ယောက်ထဲ ပါဖို့တောင် မလိုပေ။ ထိပ်ဆုံး ၁၀ ယောက်အတွင်း ပါနိုင်ရုံနဲ့ ၃၀,၀၀၀ ဒေါ်လာတောင်် ရမှာဖြစ်သည်။ အခုလက်ရှိ သူမ မိသားစုဖြစ်ပျက်နေတဲ့ ပြဿနာအားလုံးကို ပြေလည်သွားစေလိမ့်မည်။
"အစ်မချွေ့၊ ဝက်ဘ်ဆိုက်ပို့ပေးပါလား။ ငါစာရင်း သွားသွင်းလိုက်မယ်"
မိုရှစ်ယွင်လည်း ဒါက အကြံကောင်းဖြစ်သည်ဟု ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် သူများဆီက ပိုက်ဆံ ချေးရင်တောင် ပြန်ဆပ်ရဦးမည်။ ပြိုင်ပွဲမှာ အဆင့် မြင့်မြင့် ရနိုင်ပါက ပိုက်ဆံတွေက သူမ အပိုင်ပဲ ဖြစ်သည်။
မိုရှစ်ယွင်နဲ့ ဖုန်းပြောပြီးနောက် ချွေ့ယီကျန်း ရုတ်တရက်တစ်ခုခု တွေးမိသွားပါသည်။
ပြိုင်ပွဲထဲမှာ ကျမ့်ယိလင်ကိုပါ သူမ ထည့်ပေးလိုက်ရမလား။
ထိုကောင်မလေးကို သူမ အရှက်ခွဲချင်ပြီး လှောင်ပြောင်ချင်ဆဲ ဖြစ်သည်။
ရလဒ်များကို အွန်လိုင်းပေါ် တင်မည်ဟု ဝက်ဘ်ဆိုက်က ကြေညာထာားပြီးသား ဖြစ်သည်။ ကျမ့်ယိလင် ပြိုင်ပွဲကို လာမပြိုင်ရင်တောင် သူမရဲ့ ရလဒ်တွေ အတင်ခံရမှာပဲ ဖြစ်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...