အခန်း(၁၇၅) ငပျင်းတစ်ယောက် ကပ်ပါလာတယ်

1.3K 102 0
                                    


ထို့ကြောင့် ပြိုင်ပွဲမှာ ကျမ့်ယိလင် ဘာလို့ စာရင်းသွင်းခဲ့မှန်း ကျောင်းကမသိကြပေ။

စာရင်းသွင်းနိုင်တဲ့ ကျောင်းသား အရေအတွက် ကန့်သတ်ချက်မရှိသော်လည်း ပြိုင်ပွဲ ရလဒ်များကို လူသိရှင်ကြား ကြေညာမှာဖြစ်သည်။ ထို့ကြောင့် ရှန်းဟွာအထက်တန်းကျောင်းရဲ့ နာမည်က သူမရဲ့ ရလဒ်နဲ့ သက်ဆိုင်နေပါလိမ့်မည်။

ထို့ကြောင့် ကျမ့်ယိလင်ကို စာရွက်စာတမ်းတွေ လာပေးတုန်းက စီနီယာဓာတုဗေဒအသင်း ခေါင်းဆောင်ကြီးက ခါးခါးသီးသီးမျက်နှာ ဖြစ်နေရခြင်း ဖြစ်ပါသည်။

သူမရဲ့ အတန်းဖော်တွေလည်း သူမကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်။ ကျမ့်ယိလင် ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ အားလုံး ဇဝေဇဝါ ဖြစ်နေကြပါသည်။

ဟူကျောင်းကျောင်းစကားကို ကြားသောအခါ ကျမ့်ယိလင် စာရင်းသွင်း Link ကိုဖွင့်လိုက်သည်။

ထင်တဲ့အတိုင်းပဲ တရားဝင်ဝက်ဘ်ဆိုက် စာရင်းပေါ်မှာ သူမ နာမည်ကို မြင်လိုက်ရပါသည်။

ကျမ့်ယိလင် နာမည်ကို စိုက်ကြည့်နေတာကို မြင်သွားသောအခါ ဟူကျောင်းကျောင်း မေးလိုက်၏။ "ပြိုင်ပွဲအတွက် နင်စာရင်းသွင်းလိုက်တာလား"

ကျမ့်ယိလင်ရဲ့ တုန့်ပြန်မှုက သူမကိုယ်တိုင် စာရင်းသွင်းထားတာ မဟုတ်သည့်ပုံစံမျိုး ဖြစ်နေပါသည်။ ထို့အစား ဒီကိစ္စကို ပထမဆုံး အကြိမ်အဖြစ် ကြားလိုက်ရသလိုပင်။

"ငါမဟုတ်ဘူး"

"ဘာ၊ တကယ်ကြီးလား။ ဘယ်သူက ဒီလောက် အောက်တန်းကျတဲ့ အလုပ်မျိုး လုပ်တာလဲ" ဟူကျောင်းကျောင်း မေးခွန်းထုတ်လိုက်သည်။

ကျမ့်ယိလင်ကို စာရင်းသွင်းပေးလိုက်တဲ့လူက တော်တော် ယုတ်မာသည်ဟု သူမ ခံစားမိသည်။ ဟူကျောင်းကျောင်းကိုသာ ဒီလို စာရင်းသွင်းပေးလိုက်ပါက သူမ ရူးသွပ်သွားလိမ့်မည်။

သို့သော်လည်း ဟူကျောင်းကျောင်း ဒီကိစ္စကို နည်းနည်းလောက် ထပ်စဉ်းစားကြည့်လိုက်ရာ တစ်ခုခုထူးဆန်းနေသလို ခံစားမိသွားသည်

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now