အခန်း(၁၅၉) ဇိမ်ရှိတဲ့ လူနာခန်း (၁)

1.3K 104 0
                                    


သူမလက်တွေ အေးစက်နေပါသည်။ သူမရဲ့ လက်သီးဆုပ်လေးကို သူ့လက်ဖဝါးအလယ်မှာ ကိုင်ထားရင်း သူ့ဆီက အနွေးဓာတ်တချို့ သူမရဲ့ လက်သေးသေးလေးထဲ ကူးပြောင်းစေဖို့ ကြိုးစားလိုက်သည်။

ကျမ့်ယိလင် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေဆဲပင်။ သူမ အိပ်မက်ဆိုးတစ်ခု ထပ်မက်လာသည်။

အိပ်မက်ထဲတွင် သူမ ရေခဲတိုက်တစ်ခုထဲ ရောက်နေ၏။ သူမရှေ့က ခေါင်းတလားထဲတွင် အလောင်းတစ်ခုရှိနေသည်။

ထိုအလောင်းရဲ့မျက်နှာက ကျမ့်ယုကျဲရဲ့ မျက်နှာ ဖြစ်နေပါသည်။

သူမ အလောင်းနဲ့ မီတာအနည်းငယ် ခွာကာ ရပ်နေမိသည်။ သူမ ရှေ့တစ်လှမ်းမတိုးရဲပါ။

သူမရှေ့က ပုံရိပ်က ထင်ရှား ပြတ်သားလွန်းသည်။ သူမမျက်စိရှေ့မှာ အစစ်အမှန် မြင်တွေ့ရနေသလိုပင်။

--- --- ---

ယွီရှိအိမ်စေကို ဖုန်းဆက်ပြီးတာနဲ့ ကျမ့်ယုကျဲဆီက ဖုန်းဝင်လာခဲ့သည်။

"ယွီရှိ မင်းအခုအားလား။ ယိလင်လေး ပျောက်နေတယ်။ ငါသူ့ဖုန်းကို ဆက်ဖို့ ကြိုးစားပေမယ့် မဝင်ဘူးဖြစ်နေတယ်"

ကျမ့်ယုကျဲ အခုအပြင်ရောက်နေပါသည်။ ကျမ့်ယိလင်ကို အသည်းအသန်ရှာဖွေနေ၏။

သို့သော်လည်း သူမကို မဆက်သွယ်နိုင်ခဲ့ပါ။ သူမရဲ့ ဖုန်းပိတ်ထားသည်။

တက္ကစီတစ်စီးငှားလျက် တစ်မြို့လုံးကို ဦးနှောက်မပါတဲ့ ယင်ကောင်တစ်ကောင်လို ပတ်ရှာနေမိသည်။

ခိုကိုးရာမဲ့ဖြစ်နေချိန် သူ့ကို ကူညီပေးနိုင်တဲ့ လူ ၂ ယောက်ကို ရုတ်တရက် တွေးမိသွား၏။ ကျမ့်ယုမင်နဲ့ ယွီရှိတို့ပဲ ဖြစ်ပါသည်။

သူ့အစ်ကိုရဲ့ ဖုန်းကို ဆက်ကြည့်သေးသည်။ သို့သော် လက်ထောက်က လာကိုင်၏။ ကျမ့်ယုမင် ပရိုဂရမ် တစ်ခု ရိုက်ကူးနေသည်ဟု လက်ထောက်က ပြောခဲ့ပါသည်။

ထို့ကြေင့် ယွီရှိကိုသာ ကျမ့်ယုကျဲ ဆက်သွယ်နိုင်တော့သည်။

"သူအဆင်ပြေပါတယ်။ အခုငါနဲ့အတူရှိနေတယ်" ယွီရှိ ပြန်ပြောလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now