ကျမ့်ယိလင်လေး သူတို့နှစ်ယောက်ကို ဇဝေဇဝါကြည့်လိုက်သည်။
"ကျမ့်ယိလင် ငါတို့ကို အမှန်တိုင်းပြောစမ်း!" လျို့ဝမ်က စစ်ဆေးလိုက်သည်။ "နင့်အဆင့်တွေ ခုတလော အရမ်းတိုးတက်သွားတာ။ နင့်ရဲ့ လျှို့ဝှက် စာလေ့လာနည်းက ဘာလဲ"
"အေး! အမှန်တိုင်းပြောနော်!" ဟူကျောင်းကျောင်း ပြန်ပြောလိုက်ပါသည်။
ကြောက်စရာ စစ်ဆေးမေးမြန်းသူ နှစ်ယောက်နဲ့ ရင်ဆိုင်လာရသောအခါ ကျမ့်ယိလင် ၂ စက္ကန့်လောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။
"ဟင့်အင်း ဒီတိုင်း ငါလေ့လာထားတဲ့ အကြောင်းအရာတွေကို ခုမှ နားလည်သဘောပေါက်သွားလို့ပါ"
ကျမ့်ယိလင် အမှန်တိုင်းပြောတာဖြစ်ပါသည်။
သို့သော်လည်း ထိုစကားကြောင့် ဟူကျောင်းကျောင်းအား ခေတ္တ ဝမ်းနည်းပူဆွေးသွားစေသည်။ သူမကျတော့ လေ့လာထားတဲ့စာတွေ ဘာလို့ ပြန်မမှတ်မိရတာလဲ။ ဘာလို့ နားလည်သဘောမပေါက်ရတာလဲ။
"ဟိုတစ်ခေါက်က နင်ငှားထားတဲ့ ကျူရှင်ဆရာကကော သူကစာသင်တာ ကောင်းလား။ နင့်ကို အများကြီး သင်ပေးခဲ့တာလား" လျို့ဝမ် မေးခွန်းထုတ်လိုက်သည်။
"အင်း သူကတော်ပါတယ်"
ချင်းချွမ်ရဲ့ အစွမ်းအစကို ကျမ့်ယိလင် အသိအမှတ် ပြုပါသည်။
သူရှင်းပြတာ သေသေချာချာ နားမထောင်ခဲ့သော်လည်း သူ့စကေးကိုတော့ ငြင်းဆန်လို့မရပါ။
"သြော်! ဒါဆို တကယ် ကျူရှင်သင်တာကြောင့်ပေါ့!" ဟူကျောင်းကျောင်း အော်လိုက်လေသည်။
လျို့ဝမ်က ကျမ့်ယိလင်ကို သူမရဲ့ ကျူရှင်ဆရာအကြောင်း ဆက်လက် မေးခွန်းထုတ်လိုက်ပါသည်။ "နင့်ကျူရှင်ဆရာနာမည်က ဘာတဲ့လဲ။ သူက ဘာလုပ်တာလဲ။ ငါဘယ်လို ဆက်သွယ်ရမလဲ"
ကျမ့်ယိလင် လျို့ဝမ်ကို သူမရဲ့ ကျူရှင်ဆရာအကြောင်း ပြောပြလိုက်ပါသည်။ "သူ့နာမည်က ချင်းချွမ်တဲ့။ လောလောဆယ် ဟန်းယွမ်တက္ကသိုလ်မှာ ပညာသင်ကြားနေတယ်"
ကျမ့်ယိလင်ရဲ့ စကားအဆုံးသတ်သွားတာနဲ့ လျို့ဝမ်ကော၊ ဟူကျောင်းကျောင်းကော သူမကို အံ့သြတကြီးနဲ့ ကြည့်လိုက်ကြပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...