အခန်း(၁၅၃) မကြောက်နဲ့ ငါရှင်းလိုက်မယ် (၃)

1.3K 103 0
                                    


"ယိလင်... နင်... ဘာဖြစ်လို့လဲ" ကျမ့်ယုကျဲ မေးလိုက်၏။ သူ့စကားလုံးများက အတော်လေး ခက်ခက်ခဲခဲ ထွက်လာသည့်ပုံပင်။

"လုံခြုံရေးမှတ်တမ်းဗီဒီယို" ကျမ့်ယိလင် ပြောလိုက်သည်။

"ဘာ"

"လုံခြုံရေးဗီဒီယိုလေ။ သမီးမှာ ကော်ပီရှိတယ်။ ဝမ်းနည်းစရာမလိုပါဘူး"

"အဲ့... အဲ့ဗီဒီယိုကို ပြောတာလား...နင်..."

ကျမ့်ယုကျဲ ကြားနေရတာကို မယုံနိုင်တော့ပေ။ ယိလင်မှာ မနေ့ညက သူမြင်ခဲ့ရတဲ့ လုံခြုံရေး မှတ်တမ်းဗီဒီယိုရှိတယ် ဟုတ်လား။

အဲ့တာဆို သူမ အပြစ်မရှိကြောင်းကို သက်သေပြလို့ရတဲ့ သက်သေရှိနေပြီးသားလို့ ဆိုလိုတာလား။

ထို့အပြင် သူမပုံစံက ကျမ့်ယုကျဲ လုံခြုံရေးဗီဒီယိုကို မြင်ပြီးထားပြီးသားဆိုတာကို သိနေတဲ့ ပုံစံမျိုး။

"နင်... ငါဗီဒီယိုကို မြင်ပြီးသားဆိုတာ သိနေတာလား"

"အင်း" ကျမ့်ယိလင် ခေါင်းငြိမ့်လိုက်ပါသည်။

"ငါတောင်းပန်ပါတယ်..." ကျမ့်ယုကျဲရဲ့ မျက်လုံးများ နီမြန်းသွား၏။ "နင့်ကို ငါမကာကွယ်ခဲ့မိဘူး... ငါက နင့်ရဲံ အစ်ကို ဖြစ်ဖို့ မထိုက်တန်ဘူး"

"ထိုက်တန်ပါတယ်" ကျမ့်ယိလင် ပြန်ပြောလိုက်၏။

ကျမ့်ယုကျဲ ခေါင်းငုံ့လိုက်ပြီး ထပ်ပြောလိုက်သည်။ "ယိလင် ငါ့ကို မုန်းချင်မုန်းလို့ရတယ်။ ငါအမှန်တရားကို သိရဲ့သားနဲ့ ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တာ။ အဲ့ဒီဆုံးဖြတ်ချက်ကို ချလိုက်ကတည်းက နင့်ရဲ့အစ်ကို မဖြစ်ထိုက်တော့ဘူး"

သူ့ရဲ့ရွေးချယ်မှုက ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်တာကို ကျမ့်ယုကျဲသိပါသည်။

ဒီလိုဆုံးဖြတ်ချက်မျိုး ချလိုက်ရတဲ့အတွက်လည်း သူ့ကိုယ်သူ မကောင်းတဲ့လူမှန်း သိပါသည်။

သို့သော်လည်း ထိုဆုံးဖြတ်ချက်ကို သူချခဲ့သည်။

"ဘာမှမဖြစ်ပါဘူး" ကျမ့်ယိလင် ပြန်ပြောလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now