နောက်တစ်နေ့၊ ကျောင်းဒုတိယချိန် အဆုံးသတ်နားလောက်တွင် ကျောင်းအဆောက်အဦးကြီးတစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားခဲ့လေသည်။ ကျောင်းသားများစွာ တစ်ခုခုကို ကြည့်ဖို့အတွက် ကော်ရစ်ဒါဆီ အပြေး သွားကြလေသည်။
ဟူကျောင်းကျောင်းလည်း ဘာတွေဖြစ်နေသလဲ စိတ်ဝင်စားသွား၏။ သူမလည်း ကော်ရစ်ဒါကို ထွက်ကြည့်လိုက်ပါသည်။
ခဏလောက်ကြာမှ ကျမ့်ယိလင်ကို ပြန်လာပြောလေသည်။ "ဘုရားရေ! ငါတို့ကျောင်းကို ခပ်ချောချော ကောင်လေးတစ်ယောက် ရောက်လာတယ်။ ငါနှာခေါင်းသွေးတွေလျှံတော့မယ် ထင်တယ်ဟယ်"
"အင်း"
ရုပ်ချောချော ကောင်လေးတွေလည်း ကျမ့်ယိလင် စိတ်မဝင်စားပါ။
"မဟုတ်ဘူးနော် ယိလင်။ သူက ချောရုံတင်မကဘူး။ ဉာဏ်လည်းကောင်းတယ်! သတင်းရင်းမြစ်အရဆိုရင် သူက ဟန်းယွမ်တက္ကသိုလ်မှာ ထိပ်တန်းကျောင်းသားတစ်ယောက်တဲ့!။ သူက ပညာသင်ယူနေတုန်းပဲ ဆိုပေမယ့် သူ့အတန်းဖော်နဲ့ ကိုယ်ပိုင်ကုမ္ပဏီတောင် ထောင်ပြီးသွားပြီ!"
"အင်း"
ကျမ့်ယိလင် စိတ်မဝင်စားသေး။
"သူ့နာမည်က... ချင်းချွမ်တဲ့! သူက ဘက်စုံကို တော်တာ!"
ချင်းချွမ်နာမည်ကြားမှ ကျမ့်ယိလင် ခေါင်းထောင်သွားသည်။
ချင်းချွမ်ရဲ့ကုမ္ပဏီက လတ်တလောမှာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ် ဆိုတာကို သူမ ရုတ်တရက် သတိရသွားသည်။
ထို့ကြောင့် ချင်းချွမ်က ဟန်းယွမ်မြို့က လူတွေအတွက် နာမည်ကျော်ဖြစ်လာခဲ့ပါသည်။
တကယ်တော့ ဒီကိစ္စအကြောင်းကို တခြားသူတွေထက် ကျမ့်ယိလင်က နည်းနည်းပိုသိပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကုမ္ပဏီရဲ့ ဘဏ္ဍာရေးထုတ်ပြန်ချက်နဲ့ အစီရင်ခံစာများကို သူမ မြင်ပြီးသား ဖြစ်တာကြောင့်ပင်။
ဟူကျောင်းကျောင်းက ဆက်ပြောလိုက်သည်။ "ဟန်းယွမ်တစ်မြို့လုံးမှာ သူ့ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်က အကောင်းဆုံးလို့ ကြားတယ်။ ငါတို့ နိုင်ငံထဲက ထိပ်တန်းတက္ကသိုလ်တွေကိုတောင် အလွယ်လေးသွားတက်လို့ ရတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်းအကြောင်းအရင်းတစ်ခုကြောင့် ဟန်းယွမ်တက္ကသိုလ်မှာပဲ တက်ဖို့ ဆုံးဖြတ်လိုက်တာ။ ဟုတ်ပါတယ် ဟန်းယွမ်တက္ကသိုလ်ကလည်း ကောင်းပါတဘ်။ ငါဆို တစ်သက်လုံးတက်နိုင်မှာ မဟုတ်တဲ့ တက္ကသိုလ်ကြီးပဲဟာ"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...