အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေကြပါသည်။ သူတို့ လုပ်စရာရှိတာသာ လုပ်နေကြ၏။
ထို့ကြောင့် ကျမ့်ယွင်ချန်း နောက်တစ်ဖန် လျစ်လျူရှုခံလိုက်ရပြန်ပါသည်။ ပုံမှန်ဆို အေးစက်စက်၊ တည်တည်တံ့တံ့ဖြစ်နေတတ်သည့် သူ့မျက်လုံးတွေက သူ့ညီမလေးနဲ့ ဝမ်းကွဲညီတို့ကို မကြာခဏ လှမ်းလှမ်းကြည့်နေသည်။
ဟွေ့ယုသာ သူ့ကိုဒီပုံစံနဲ့ မြင်ရင် ရက်အနည်းငယ်လောက် အူမြူးသွားနိုင်သည်။
ကျမ့်ယိလင်လေး နေ့လည်စာ စားသောက်ပြီးတာတောင် ကျမ့်ယွင်ချန်းကို စကားမပြောသေးပါ။ ထို့အစား မတ်တပ်ရပ်ကာ သူမ စာကြည့်ခန်းထဲကိုသာ ပြန်ဝင်သွားခဲ့သည်။ သူမရဲ့ စိတ်ထဲမှာ အလုပ်တွေနဲ့သာ ပြည့်နေပါသည်။
အခြေအနေအကြောင်းကို ကျမ့်ယိလင်လေး သိပ်ပြီး မစဉ်းစားခဲ့ပေ။ စားသောက်ပြီးတာနဲ့ အားလုံး ကိုယ်လုပ်စရာရှိတာသာ လုပ်နေခဲ့ကြပါသည်။
ကျမ့်ယုကျဲက ကျမ့်ယိလင်လေးနောက်ကို လိုက်လာခဲ့သည်။ သူ့အိမ်စာတွေအကုန်လုံးကို ကျမ့်အိမ်တော်ဟောင်းသို့ ယူလာခဲ့ပါသည်။
ဒီလိုနဲ့ နှစ်ယောက်စလုံး ကျမ့်ယိလင်လေးရဲ့ စာကြည့်ခန်းထဲဝင်သွားပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။
ကျမ့်ယွင်ချန်းက မမြင်ချင်ယောင်ဆောင်ရခက်သူ ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က ကျမ့်ယွင်ချန်းကို လုံးဝ လျစ်လျူရှုထားပါသည်။
အဘွားကျမ့်လည်း ကျမ့်ယွင်ချန်းကို လျစ်လျူရှုထား၏။ သူမ သူငယ်ချင်းဟောင်းနဲ့ ဖုန်းသွားပြောနေပါသည်။ သူကြားဖူးသမျှထဲမှာ အကြာဆုံး ဖုန်းပြောမှုကြီး ဖြစ်နိုင်သည်။
ကံကောင်းစွာဖြင့် အဘိုးကျမ့်ကတော့ ကျမ့်ယွင်ချန်း ရှိနေသေးမှန်း သတိထားမိပါသည်။ စီးပွားရေး ကိစ္စများ ဆွေးနွေးဖို့အတွက် ကျမ့်ယွင်ချန်းကို အဘိုးကျမ့် သူ့စာကြည့်ခန်းထဲ ခေါ်လိုက်ပါသည်။
--- --- ---
မိုရှစ်ယွင် ကျောင်းကပြန်လာတော့ သူမအမေ မျက်ရည်များဖြင့် တုန်ယင်နေတာကို မြင်လိုက်ရသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...