အခန်း(၁၃၀) ယွင်ချန်းကို မင်းဘာမှ မလုပ်လိုက်ပါဘူးနော်

2.1K 160 8
                                    


မြေအောက်ကားပါကင်တွင် ယွီရှိ စိတ်ဖိစီးစွာ စောင့်နေခဲ့သည်။

ရင်ထဲမှ နှလုံးတဒုတ်ဒုတ်ခုန်သံကိုပါ ခံစားနေရသည်။

နှစ်ယောက်စလုံးကို သူစော်ကားလို့မရပေ။ တစ်ဖက်က ကျိုက်ယွင်ရှန်းဖြစ်ကာ နောက်တစ်ဖက်က ကျမ့်ယွင်ချန်းဖြစ်နေသည်။

ကျမ့်ယွင်ရှန်းက ယွီရှိကိုတွေ့ဖို့တောင်းဆိုမှန်း ဆရာရှန်း သိသွားတာနဲံ သူကိုယ်စားသွားမည်ဟုသာ ခေါင်းမာနေခဲ့သည်။

ထို့ကြောင့် ယွီရှိလည်း ဘာတတ်နိုင်ဦးမှာလဲ။ မြေအောက်ကားပါကင်မှာ စိတ်ရှည်ရှည်စောင့်နေဖို့က လွဲပြီး တခြားဘာမှမတတ်နိုင်ပေ။

သို့သော်လည်း ကားထဲမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ပါ။ သိပ်မကြာလိုက်ဘဲ ကားထဲမှထွက်လိုက်ပြီး ကားပါကင်ထဲ ပတ်လျှောက်ကြည့်သည်။ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ WeRun ပေါ်မှာ ခြေလှမ်းတစ်ထောင်လောက် ရှိနေပါပြီ။

နောက်ဆုံးတော့ ကျိုက်ယွင်ရှန်းပြန်လာတာကို မြင်လိုက်ရလေသည်။ ယွီရှိချက်ချင်းပဲ အပြေးသွားကာ သူ့ကို ကြိုလိုက်ပါသည်။

"ဆရာရှန်း။ ကျမ့်ယွင်ချန်းကို ဘာမှ မလုပ်ခဲ့ပါဘူးနော်"

"မလုပ်ပါဘူး"

ဆရာရှန်းရဲ့ အဖြေကို ကြားသော်လည်း ယွီရှိ သိပ်မယုံချင်ပါ။ 'မလုပ်ပါဘူး' ဆိုတာ ဘာကို ပြောတာလဲ။

"ဆရာရှန်း ကျမ့်ယွင်ချန်းကို စကားနဲ့ကော မတိုက်ခိုက်ခဲ့ဘူး မလား" ယွီရှိ စတင်စိုးရိမ်လာသည်။

ကျမ့်ယွင်ချန်းက ကျိုက်ယွင်ရှန်းကို ဘာမှလုပ်လို့ မရသော်လည်းတစ်ခုခုဖြစ်လာမှာကို ယွီရှီစိုးရိမ်နေဆဲပင်။

"ငါကဘာလို့ စကားနဲ့ တိုက်ခိုက်ရမှာလဲ"

ယွီရှိခေတ္တစဉ်းစားကြည့်လိုက်သည်။ သူက ဘယ်လိုလုပ် သိမှာလဲ။ ဒီနေ့ ကျမ့်ယွင်ချန်းကို သွားတွေ့ဖို့ ဆရာရှန်း ဘာကြောင့် ခေါင်းမာနေလဲ ဆိုတာကိုတောင် မသိပါ။

ခဏလောက် ရပ်တန့်သွားပြီးနောက် ယွီရှိ ထပ်မေးလိုက်ပြန်သည်။ "ဒါဖြင့်ရင်... ကျမ့်ယွင်ချန်းက ဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now