အခန်း(၃) အခုပျော်ပြီလား

3.6K 293 1
                                    

အခန်း(၃) အခုပျော်ပြီလား

ထိုအချိန်တွင် ကျမ့်ယိလင် လူနာခန်းတံခါးဝမှာ ရှိနေတာကို ကျမ့်ယွင်ချန်း မြင်သွား၏။ ခပ်မြန်မြန် ထလိုက်ပြီး တံခါးဆီကို လျှောက်သွားလိုက်သည်။

ကျမ့်ယွင်ချန်းက အရပ် ၁.၈ မီတာကျော် ရှည်သည်။ သူ့ရှေ့မှာ အသက် ၁၅ နှစ်အရွယ် ကျမ့်ယိလင်လေးက အလွန်အမင်း လူကောင်သေးလွန်းနေပါသည်။ သူမရဲ့ ခေါင်းထိပ်က သူ့ရင်ဘတ်နား ရောက်ရုံလောက်သာရှိသည်။

ကျမ့်ယိလင်က ရိုးရိုးရှင်းရှင်း ဆွယ်တာဖြူလေးကို ဝတ်ဆင်ထားသည်။ သူမရဲ့ မျက်နှာက ဖြူဖွေးနေသဖြင့် အမွေးပွပွ ယုန်လေးတစ်ကောင်နဲ့ တူနေပါသည်။ သို့သော်လည်း ဒါက သူမရဲ့ အပြင်ပန်းသာ ဖြစ်သည်။ သူမရဲ့ နှလုံးသားကတော့ အလုံးစုံ နက်မှောင်နေလောက်သည်။

"အထဲဝင်ပြီး သွားတောင်းပန်လိုက်စမ်း"

ရိုးရှင်းသော်လည်း နာခံမှုကို လိုလားသည့် အမိန့်လေသံမျိုးနဲ့ ပြောလိုက်၏။

"သူစိတ်ဆိုးလိမ့်မယ်"

ကျမ့်ယိလင်၏ အသံက အလွန်နူးညံ့ပြီး မရင့်ကျက်သေးသည့်ပုံ ပေါက်သည်။ သူမစကားလုံးတွေကို ဒီလိုအသံမျိုးနဲ့ မပြောချင်ပါ။ သို့သော်လည်း သူမရဲ့ ခန္ဓာကိုယ်က အသက် ၁၅ နှစ်အရွယ်သာ ရှိပါသေးသည်။

တစ်ချိန်တည်းမှာပင် ကျမ့်ယိလင်၏ စကားပြောဆိုပုံက အလွန်နှေးကွေးလွန်း၏။ တစ်လုံးချင်းတစ်လုံးချင်း ပြောဆိုနေသည့် ပုံစံမျိုးဖြစ်သည်။ သို့သော်လည်း ဒီ့အတွက်အကြောင်းအရင်းကတော့ သူမရဲ့ ဆွေမျိုးတွေနဲ့ စကားပြောရတာကို အသားမကျသေးသောကြောင့် ဖြစ်သည်။

"အခုမှ သူစိတ်ဆိုးမှန်း သိတယ်ပေါ့။ နင်လုပ်ခဲ့တဲ့ လုပ်ရပ်ကို မလုပ်ခင်တုန်းကကော သူစိတ်ဆိုးမယ်လို့ မတွေးခဲ့ဘူးလား။ ဒေါသထွက်တာတောင် နည်းသေးတယ်!" ကျမ့်ယွင်ချန်းက ပြောလိုက်သည်။ သူ့မျက်လုံးတွေ နီရဲနေပြီး အရှိန်အဝါက ကြောက်ဖို့ကောင်းပါသည်။

"မဟုတ်ပါဘူး။ သူသမီးကို စိတ်ဆိုးပြီး အပြစ်တင်မှာ ကြောက်လို့ မဟုတ်ဘူး" ကျမ့်ယိလင်က ရှင်းပြလိုက်သည်။ "သူစိတ်ဆိုးရင် သူ့လက်တွေအတွက် မကောင်းနိုင်ဘူးထင်လို့ပါ"။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now