အခန်း(၁၇၁) အစ်ကိုယုကျဲ

1.5K 117 0
                                    


ကျမ့်ယိလင်လေး ဆေးရုံတင်ထားစဉ် အဘွားကျမ့်က ဝမ်းနွမ်နဲ့ ကျမ့်ရှုရှင်းတို့အား ဆေးရုံတည်နေရာကို လုံံးဝ မပြောခဲ့ပေ။ သူတို့မေးခွန်းအားလုံးကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါသည်။

၃ ရက်မြောက်နေ့ကျမှ အဘွားကျမ့် အသိပေးလိုက်သည်။ ထို့နေ့က ကျမ့်ယိလင်လေး ဆေးရုံဆင်းရသည့်နေ့ဖြစ်သည်။ အဘွားကျမ့်က ကျမ့်ယွင်ချန်းကိုဆက်သွယ်ပြီး ကျမ့်ယိလင်ကို ဆေးရုံမှ လာကြိုခိုင်းကာ ကျမ့်အိမ်တော်ဟောင်းကို ပြန်ပို့ခိုင်းလိုက်ပါသည်။

အဘွားကျမ့်ရဲ့ မက်ဆေ့ကို ရသောအခါ ကျမ့်ယိလင်က အရင်ဆေးရုံမှာပဲဖြစ်ကြောင်း ကျမ့်ယွင်ချန်းသိလိုက်ရသည်။ အခန်းပြောင်းသွားရုံလေးသာ။

ကျမ့်ယိလင်လေး ကားပေါ်တက်နေတာကို ကျမ့်ယွင်ချန်း ကြည့်နေသည်။ အနောက်ခုံမှာ တိတ်တိတ်ဆိတ်ဆိတ် ဝင်ထိုင်ပြီး သူမဖုန်းကို လက်ထဲမှာ ကိုင်ထားပါသည်။ သူမရဲ့ ပိန်ပိန် ဖြူဖြူ လက်ချောင်းကလေးများက ဖန်သားပြင်ကို နှိပ်နေပြီး တစ်ခုခုကို အာရုံစိုက်ထားသည့်ပုံပေါက်နေပါသည်။

ကျမ့်ယိလင်လေးက လတ်တလော သူမရဲ့အလုပ်ပြဿနာတွေနဲ့ တော်တော်လေးအလုပ်များနေပါသည်။ ထို့ကြောင့် ကားကိုဘယ်သူမောင်းနေမှန်းတောင် သတိမထားမိခဲ့ပေ။ သူမမိသားစုလား ယာဉ်မောင်းလားဆိုတာတောင် မသိပါ။

ကျမ့်ယိလင်လေးရဲ့မျက်နှာကိုမြင်တော့ ကျမ့်ယွင်ချန်းရင်ထဲ စူးရှနာကျင်နေဆဲဖြစ်သည်။

သူမ ပြဿနာတွေရှာပြီး အော်ဟစ်သောင်းကျန်းနေတာတွေကို ရပ်လိုက်တာ ကျမ့်ယွင်ချန်း ဝမ်းသာခဲ့တဲ့ အချိန်တစ်ခုရှိဖူးသည်။

သို့သော်လည်း အမှန်တရားကို သိပြီးချိန်မှာတော့ သူမ ပြုမူနေတဲ့ ပုံစံက လုံးဝခြားနားတဲ့အဓိပ္ပာယ် တစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ။

"ယိလင်လေး"

ကျမ့်ယွင်ချန်း ခေါ်လိုက်သည်။

ကျမ့်ယိလင် မော့ကြည့်လိုက်၏။ သူမမျက်လုံးက ကျမ့်ယွင်ချန်းနဲ့ ဆုံသွားသည်။ မျက်လုံးထဲမှာ စိတ်ခံစားချက်မရှိပါ။ သူမ ပျော်ရွှင်နေသလား ဝမ်းနည်းနေသလားဆိုတဲ့ လက္ခဏာ တစိုးတစင်းမျှ မရှိပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now