အခန်း(၁၆၁) မိသားစုကို အဘွားကျမ့် ဆုံးမခြင်း (၁)

1.4K 101 0
                                    

"သမီးအသားစားချင်တယ်" ကျမ့်ယိလင် ပြန်ပြောလိုက်သည်။

သူမက ခုတောင် အရပ်ပုနေပြီဖြစ်သည်။ သူမ ဆန်ပြုတ်နဲ့ အသီးအရွက်သာ စားရမည်ဆို အရပ်ရှည်လာဖို့ သူမ မျှော်လင့်ချက်များကို နှုတ်ဆက်ရပါတော့မည်။

ထိုစကားကိုကြားသောအခါ ယွီရှိ ရယ်မောလိုက်ပါသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါစီစဉ်ပေးလိုက်မယ်။ နင်စားချင်တဲ့ အသားမှန်သမျှ စားလို့ရတယ်။ အမဲသား၊ သိုးသား၊ ငါး၊ ကြက်သား၊ ဝက်သား ကြိုက်တာသာ ပြောလိုက်! နင့်အတွက် စားပွဲတော်တစ်ခု စီစဉ်ပေးလိုက်မယ်!"

ယွီရှိပြောပြီးတာနဲ့ လှည့်ကြည့်လိုက်ရာ ကျိုက်ယွင်ရှန်းရဲ့ အေးတိအေးစက်မျက်လုံးများကို မြင်လိုက်ရသည်။

သြော်... သူမေ့သွားတာ။ သူက အဲ့လိုအစားအသောက်တွေမှ စားလို့မရတာ။

ကျမ့်ယိလင်လေးလည်း ကျိုက်ယွင်ရှန်းဘက်ကို လှည့်ကြည့်လိုက်သည်။ "ရှင်က မှိုစား"

သို့သော်လည်း ကျိုက်ယွင်ရှန်းက စိတ်မဆိုးပေ။ ထို့အစား သူပြန်ပြောလိုက်၏။ "နင်လုပ်ပေးတာ မှန်သမျှ စားမယ်"

"ဟုတ်ပြီ။ ကျွန်မသက်သာလာရင် ရှင့်အတွက် ချက်ပေးမယ်"

ဒီနေ့ သူတို့ကို သူမ ဒုက္ခထပ်ပေးမိပြန်ပါပြီ။ သူတို့ကို ဒီနည်းလမ်းနဲ့ ကျေးဇူးတင်ရပါမည်။

"ဒါဆို မြန်မြန်သက်သာလာအောင် လုပ်" ကျိုက်ယွင်ရှန်း ပြန်ပြောလိုက်၏။ ကျမ့်ယိလင်လေးရဲ့ ပိန်ပိန်ညှောင်ညှောင် ပုံစံကို ကြည့်မနေနိုင်ပါ။ သူ အရိုးစုတစ်စုကို ကြည့်နေရသလိုပင်။

-- --- --

ယွီရှိ ဖုန်းဆက်တာကို နားထောင်ပြီးနောက် အဘွားကျမ့် ဆေးရုံကို ပြေးသွားချင်မိသည်။ သို့သော်လည်း သူမ ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပင် သူမ အိမ်ရှေ့မှာ လူ ၃ ယောက်ကို မြင်လိုက်ရသည်။ ကျမ့်ရှုရှင်း၊ ကျမ့်ယွင်ချန်းနဲ့ ဝမ်းနွမ်တို့ ဖြစ်ပါသည်။

အဘွားကျမ့်က သူတို့ မျက်နှာထားကို ကြည့်လိုက်သည်။ တစ်ခုခုဆိုးရွားတာ ဖြစ်ခဲ့မှန်း ချက်ချင်း သိလိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now