အခန်း(၁၇၀) ဆရာရှန်းငါ့ကို အနိုင်ကျင့်ပြန်ပြီ...

1.7K 136 1
                                    


ကျမ့်ယိလင်လေး ဆေးရုံမှာ အနားယူနေစဉ် ယွီရှိ ဝမ်းနည်းနေပါသည်။ သူ့မှာ လုပ်စရာများများစားစား မရှိပေ။ နတ်ဘုရားလေးလင်က ကျန်းမာရေး ကောင်းလာခါစဖြစ်သဖြင့် သူ့ကို ဂိမ်းကူမကစားပေးနိုင်တော့ပေ...

သူ့ဖာသာသူကစားဖို့ ဆုံးဖြတ်ပါက အမြဲတမ်း ဆက်တိုက်ရှုံးနိမ့်နေသည့် စိတ်ဓာတ်ကျစရာ အခြေအနေမျိုးနဲ့သာ ကြုံရတတ်သည်။ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ရှုံးခဲ့ပါသည်။

သူက လောလောဆယ် အဆင့်မြင့်မြင့်အပိုင်းကို ရောက်နေပြီ ဖြစ်သဖြင့် သူဂိမ်းထဲမှာ တွေ့ရတဲ့ ပြိုင်ဘက်အများစုက သူ့ထက် ပိုတော်ကြသည်။ ထို့ကြောင့် သူ့အတွေ့အကြုံနဲ့ ဂိမ်းကစားပုံတို့က အတော်လေး ဆိုးရွားလာခဲ့ပါသည်။

ထိုအချိန်တွင် ကျိုက်ယွင်ရှန်းလည်း ဇာ့ဂ်ကျူးကျော်မှု ကစားဖို့ ပြင်ဆင်နေမှန်း သူသတိထားမိသွားသည်။

ထို့ကြောင့် ယွီရှိ ကျိုက်ယွင်ရှန်းကို ဖားဖို့ ဆုံးဖြတ်လိုက်ပါသည်။ "ဆရာရှန်း ကျွန်တော်နဲ့ ကစားမလား"

"ရတယ်လေ"

သူအံ့အားသင့်သွားရလောက်အောင် ကျိုက်ယွင်ရှန်းက သဘောတူလိုက်သည်။ ဒီနေ့ ဆရာရှန်းက တော်တော်လေး ပြောရဆိုရကောင်းနေသည့်ပုံစံပင်။ ယွီရှိ ကြည်နူးသွားသဖြင့် မျက်ရည်တောင် ကျမိပါတော့မည်။

ယွီရှိ ခပ်မြန်မြန်ပဲ သူ့အကောင့်ထဲ လော့ဂ်အင် ဝင်လိုက်သည်။ ဆရာရှန်းနဲ့ နှစ်ကိုယ်တွဲ ကစားပါတော့မည်။

ထို့နောက်...

ဂိမ်းစလိုက်တာနဲ့ အမြဲတမ်းလိုလို ကြမ်းကြုတ် ရက်စက်တတ်တဲ့ ကျိုက်ယွင်ရှန်းရဲ့ ဇာတ်ကောင်က ချက်ချင်းသေသွားပါသည်။

ယွီရှိတုန်လှုပ်သွားရ၏။

ကျိုက်ယွင်ရှန်းရဲ့ ဇာတ်ကောင်သေသွားပြီးနောက် ယွီရှိတစ်ယောက်တည်း ၂ မိနစ်တောင် မခံခဲ့ပါ။ သူ့ဇာတ်ကောင်ပါ သေသွားသောအခါ ပထမပွဲ ပြီးဆုံးသွားပါသည်။

ယွီရှိ အတော်လေး တုန်လှုပ်သွားသော်လည်း မတော်တဆ ဖြစ်သွားတာပါဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ပါသည်။ ဆရာရှန်းက ဂိမ်းကို ခုမှ စကစားတာဖြစ်သည်။ ဂိမ်းစကေးတွေ သံချေးတက်နေတာ ဖြစ်နိုင်ပါသည်။ သူအစောကြီး သေသွားရတဲ့ အကြောင်းအရင်းက ကျိန်းသေပေါက် ဒါပဲ ဖြစ်နိုင်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now