ကျမ့်ယိလင်လေး ရေတွက်လိုက်သည်။
ကျမ့်ယိလင် အတည်ပေါက်ပြောနေတာဖြစ်မှန်း မြင်သောအခါ ဟဲယန် အသည်းအသန် သဘောတူလိုက်ပါသည်။ "အေးပါ အေးပါ။ ဒေါ်လေး ကတိပေးပါတယ်။ ဘယ်အရာဖြစ်ဖြစ် ကတိပေးပါ့မယ်!"
ကျမ့်ယိလင် တောင်းဆိုခဲ့တဲ့ အချက်မှန်သမျှကို ဟဲယန် မလိုက်လျောချင်ပါ။
သို့သော်လည်း သူမမှာ တခြားရွေးချယ်စရာလည်း မရှီပေ။
"အခု ကတိပေးပြီးသွားပြီဆိုတော့ ဒေါ်လေးကို အဲ့ဒီဖိုင်တွေပေးပါလား"
"ရှင်ကတိမတည်ရင် အဲ့ဒီဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အချိန်တိုအတွင်း တင်လိုက်မှာ"
"နင်..."
"ပြီးတော့" တစ်ခုခုကို စဉ်းစားနေသလိုမျိုး ဟဲယန်အိမ်ရဲ့ ချောမွတ်နေတဲ့ ကြမ်းပြင်ကို ငုံ့ကြည့်ရင်း ကျမ့်ယိလင်ပြောလိုက်ပါသည်။ "ကြမ်းပြင်က ချောနေတော့ ရှင်ချော်လဲသွားတယ်"
"နင်ဘာတွေပြောနေတာလဲ"
"ကြမ်းပြင်က ချောနေတော့ ရှင်ချော်လဲသွားတယ်"
ကျမ့်ယိလင် စကားကို ပြန်ရွတ်ပြလိုက်သည်။ ထို့နောက် ဆိုဖာဘေးမှာ ချထားတဲ့ ဂေါက်ရိုက်တံကို သူမ လှမ်းယူလိုက်သည်။
ဒီဂေါက်ရိုက်တံက ဟဲယန်ရဲ့ ယောက်ျားပစ္စည်း ဖြစ်ပါသည်။ ကျမ့်ယိလင်ရဲ့ ဒုတိယဦးလေးလည်း ဖြစ်သည်။ ဟဲယန်ရဲ့ ယောက်ျားက အားလပ်ချိန်မှာ ဂေါက်ရိုက်ရတာ ဝါသနာပါသည်။
ကျမ့်ယိလင် လက်ထဲမှာ ဂေါက်ရိုက်တံကိုင်ပြီး လျှောက်လာတာကို မြင်သောအခါ ဟဲယန်ရဲ့ သူငယ်အိမ်များ ကျယ်သွားရသည်။
ကျမ့်ယိလင်က ပိန်ပါးပြီး အားနည်းတဲ့ ကောင်မလေး တစ်ယောက်ပုံစံပေါက်သော်လည်း ဂေါက်ရိုက်တံကို ကိုင်ထားတဲ့အခါ တော်တော်ကြောက်ဖို့ကောင်းပါသည်။
"ကျမ့်ယိလင် နင်လုပ်ရဲလုပ်ကြည့်နော်!"
တစ်ယောက်ယောက်ကို ဂေါက်ရိုက်တံနဲ့ရိုက်လိုက်တာက သေသွားစေနိုင်သည်။
"အဲ့မှာပဲရပ်နေ မလှုပ်နဲ့"
ကျမ့်ယိလင် အမိန့်ပေးလိုက်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...