အခန်:(၁၃၇) ယိလင်လေး နာမကျန်းဖြစ်ခြင်း (၃)

1.8K 152 0
                                    


ပြောပြီးတာနဲ့ ကျမ့်ယုမင် သီချင်းတစ်ပုဒ် စတင် ညည်းဆိုလေတော့သည်။

ကျမ့်ယုမင်ရဲ့ အသံက လှပသည်။ သူသီချင်းဆိုတဲ့ အခါ ပိုလို့တောင် နားထောင်ကောင်းသေးသည်။

ပုံမှန်ဆို ကျမ့်ယုမင်က စိတ်ခံစားချက်များစွာ ပါဝင်သည့် သီချင်းများကို ဆိုတတ်သည်။ သူသီချင်းဆိုသည့်အခါ ပေးစွမ်းသည့် ခံစားချက်က နူးညံ့မှုနဲ့ ကြင်နာမှုတို့ ဖြစ်သည်။

ကျမ့်ယိလင်လေးက သီချင်းတွေ မခံစားတတ်သော်လည်း သီချင်းက အလွန်လှပမှန်းတော့ သိပါသည်။ နှလုံးသားထဲ စီးဆင်းလာတဲ့ နေရောင်ခြည် စမ်းချောင်းလေး တစ်ခုလိုပင်။

သီချင်းဆိုပြီးသောအခါ ကျမ့်ယုမင်ပြုံးလိုက်ပြီး ကျမ့်ယိလင်ကို ကြည့်လိုက်ပါသည်။ "နားထောင်လို့ ကောင်းရဲ့လား။ နင့်ကို ပိုက်ဆံတောင်းလို့ရလောက်တဲ့အထိ ကောင်းလား"

ကျမ့်ယိလင်လေး ခေါင်းငြိမ့်ကာ မေးလိုက်သည်။ "ဘယ်လောက်ကျလဲ"

ကျမ့်ယုမင် ခေတ္တ ရပ်တန့်သွားရ၏။ သူစနောက်ပြီး ပြောလိုက်တာဖြစ်သည်။ ကျမ့်ယိလင်လေး တကယ်ကြီး ပိုက်ဆံပေးဖို့ လုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ပိုက်ဆံနဲ့ ပတ်သတ်လာရင် ကျမ့်ယုမင်ကို ဂီတဖျော်ဖြေပွဲတစ်ခုမှာ သီဆိုခိုင်းဖို့ ဒေါ်လာသိန်းနဲ့ချီပြီး ကုန်ကျပါသည်။

ကျမ့်ယုမင်က ပြုံးကာ ပြောလိုက်၏။ "ငါ့ညီမလေးဆိုတော့ ဒစ်စ်ကောင့်ပေးရမှာပေါ့။ ၈.၈၈ ဒေါ်လာဆိုရင်ကော။ နိမိတ်ကောင်းနဲ့ နံပါတ်လည်းဖြစ်၊ စျေးလည်း သင့်တယ်လေ"

ကျမ့်ယိလင်လေးက ခေါင်းငြိမ့်လိုက်ပြီး ကျမ့်ယုမင်ကို သူမဖုန်းယူပေးဖို့ လက်ကမ်းလိုက်သည်။

"ပက်လက်အိပ်နေတုန်း ဖုန်းမသုံးနဲ့။ လွတ်ကျရင် မျက်ခွက်မှန်နေမယ်"

ကျမ့်ယုမင် ပြောပြီးတာနဲ့ ကျမ့်ယိိလင်ရဲ့ မျက်နှာလေးကို ကြည့်လိုက်သည်။ တစ်စက္ကန့်တောင် မကြာဘဲ သူအလျှော့ပေးလိုက်ရပါသည်။

အိမ်စေကလည်း ကျမ့်ယိလင်လေး နေ့စဉ် အသုံးပြုသည့် အရာအားလုံးကို ယူလာပေး၏။ အမှန်ပင်။ သူမဖုန်းလည်း ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now