သူ့လုပ်ရပ်ကို ဖုံးကွယ်ဖို့ မဖြစ်နိုင်တော့မှန်း သိလိုက်ရပြီးနောက် လောင်ရွှေအန်းကို ချန်းယွီ တီးတိုးပြောပြလိုက်ပါသည်။ ကျမ့်ယွင်နော်ရဲ့ တင်ပါးကို ဆေးထိုးပေးခဲ့တဲ့အကြောင်း ပြောပြလိုက်၏။
"ဘုရားရေ! ဘာလို့စောစောကမပြောတာလဲ။ တစ်လုံးတည်းနဲ့ လုံလောက်မလား။ နည်းနည်းလောက် ထပ်သွားထိုးကြရအောင်လေ!"
ချန်းယွီဆီက သတင်းကို ကြားတာနဲ့ လောင်ရွှေအန်း လူနာခန်းဆီ ဦးတည်လိုက်ပါသည်။
ချန်းယွီက လောင်ရွှေအန်းကို အမြန်ရပ်တန့်လိုက်ရ၏။ "အစ်မအန်း။ ကျေးဇူးပြုပြီး မလောစမ်းပါနဲ့! အဲ့လိုအရာတွေက ခဏခဏလုပ်လို့မကောင်းဘူး။ ကျမ့်ယွင်နော်က ငတုံးမဟုတ်ဘူး။ ပြီးတော့ သူ့အစ်ကိုနဲံ သူ့အမေလည်း ရှိနေသေးတယ်။ ပြီးတော့ အခုသူက တော်တော်အားနည်းနေတာ။ ကျမ့်ယိလင်လေး အော်ပရေးရှင်းကောင်းကောင်းလုပ်နိုင်အောင် သူ့ကို ဒီတိုင်းထားရဦးမယ်။ အောင်ပရေးရှင်း အောင်သွားရင် ဒီလောကထဲ ကျမ့်ယိလင်လေးရဲ့ နာမည် တဟုတ်ထိုး တက်သွားမှာ"
လောင်ရွှေအန်းလည်း ခေတ္တရပ်တန့်သွားပြီး ချန်းယွီရဲ့ စကားကို စဉ်းစားကြည့်လိုက်ပါသည်။ သူပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။
"အင်း... ထင်တာပဲ။ လောလောဆယ်တော့ အလွတ်ပေးလိုက်ပါ့မယ်" လောင်ရွှေအန်း ပြောလိုက်၏။ သို့သော်လည်း ခဏလောက်နေသောအခါ သူမ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် သူ့လက်ကို မထိခိုက်ရင်ရတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ငါတို့ကို လူမမိရင်ဘယ်သူမှ မသိဘူးလေ။ နည်းနည်းလောက်တော့ ခံစားသွားအောင် လုပ်လို့ ရတယ်မလား"
"အစ်မအန်း ဘာတွေလုပ်ဖို့ ကြံနေတာလဲ"
လောင်ရွှေအန်းရဲ့ အကြံအတွက် ချန်းယွီ ခံစားချက်ဆိုးတွေ ရနေပါသည်။
"ဘာရယ်မဟုတ်ပါဘူး။ ပရော်ဖက်ဆာလျို့က တရုတ်တိုင်းရင်းဆေး လေ့လာဖူးတာ သတိရသွားလို့"
"အစ်မအန်း... နင်..." ချန်းယွီကြောင်တောင်တောင် ဖြစ်သွားပါသည်။ လောင်ရွှေအန်း ဘာတွေ ကြံစည်နေသလဲဆိုတာ သူသိနေတဲ့ပုံစံပင်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romansဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...