အခန်း(၁၆၈) ခွဲစိတ်ကုသရက်ကို အတည်ပြုခြင်း

1.4K 95 0
                                    


နောက််ဆုံးတော့ ကျမ့်ယိလင်လေး ဖုန်းပြန်ဖွင့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် အသိပေးချက်များစွာ ဝင်လာခဲ့ပါသည်။

မစ်စ်ကော ၉၉+ ၊ မဖတ်ရသေးတဲ့ မက်ဆေ့ ၉၉+၊ မဖတ်ရသေးတဲ့ WeChat မက်ဆေ့ ၉၉+ တို့ကို ရရှိထားသည်။

အဖွဲ့အစည်းရဲ့ ကိုယ်ပိုင် App မှာတောင် မဖတ်ရသေးတဲ့ မက်ဆေ့များစွာရှိနေပါသည်။

အစပိုင်းတုန်းက ဖုန်းဝင်လာမှာဆိုးလို့ ကျမ့်ယိလင်လေး ဖုန်းကို ပိတ်ထားခဲ့သည်။ အခုတော့ သူမကို ကျိန်းသေပေါက်မေးလာမယ့် မေးခွန်းတွေကို ဘယ်လို ပြန်ဖြေရမှန်းတောင် မသိတော့ပါ။

သူမဖြစ်စေချင်ခဲ့တဲ့ တစ်ခုတည်းသောအရာက သူတို့ရှေ့မှာ အမှန်တရားကို ထုတ်ပြဖို့ဖြစ်ပါသည်။ ထို့ကြောင့် ဗီဒီယိုကို ဖွင့်ချခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒါက သူမရဲ့ အဆုံးသတ်ကံကြမ္မာကို ပြောင်းလဲသွားစေမလားဆိုတာ ကျမ့်ယိလင် မသေချာသေးပါ။

သူမရဲ့ အိပ်မက်ထဲက အထီးကျန်သေဆုံးခြင်းက အလွန်လက်တွေ့ဆန်လွန်းနေသည်။ ကျမ့်ယိလင်လေး ထိုအကြောင်းစဉ်းစားမိတိုင်း အိပ်မက်ထဲကအတိုင်း တွေ့ကြုံရမည်ဟု ခံစားလာရသည့်အတိုင်းအတာအထိ လက်တွေ့ ဆန်လွန်းပါသည်။

ကျမ့်ယိလင် ခေါင်းခါလိုက်၏။ သူမရဲ့အာရုံထဲမှာ နေရာယူနေတဲ့ မလိုအပ်တဲ့အတွေးတွေအကုန်လုံးကို ရှင်းထုတ်ဖို့ ကြိုးစားလိုက်ပါသည်။ သူမလက်ထဲက ကိစ္စကိုပဲ အာရုံစိုက်ဖို့ ကြိုးစားရမည်။

ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် သူမ လိုအပ်တဲ့ပထမဆုံးအရာက အလုပ်နဲ့ ပိုက်ဆံ ဖြစ်သည်။

ထိုသို့ စဉ်းစားမိသောအခါ ကျမ့်ယိလင်လေး အဖွဲ့အစည်းထံမှ ပေးပို့ထားသည့် မက်ဆေ့များကို ဖွင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါသည်။

ဆက်သွယ်ထားသည့်လူက သူမကို မက်ဆေ့များစွာ ပို့ထားသည်။

မက််ဆေ့အားလုံးက သူမ ကိုင်တွယ်ထားသည့် ပရောဂျက် ၂ ခုနဲံ ဆက်နွယ်နေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now